ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချီမြို့က ရေခဲစက်ရုံမှာ ဒီဇင်ဘာ ၂၂ ရက်က ဘွိုင်လာ ပေါက်ကွဲခဲ့တာကြောင့် လူ ၈ ယောက်ထက်မနည်း သေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။
မြို့မြောက်ပိုင်း စက်မှုဇုန်မှာရှိတဲ့ စက်ရုံခေါင်မိုးဟာ ပေါက်ကွဲတဲ့ ပြင်းအားကြောင့် ပြိုကျခဲ့ပြီး လုပ်သားတွေ သေဆုံး ဒဏ်ရာရခဲ့တာပါ။ အနားက စက်ရုံတွေလည်း ပျက်စီးပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ညတွင်းချင်း ရောက်လာပြီး အပျက်အစီးတွေအောက်က သေဆုံး ဒဏ်ရာရသူတွေကို ဆွဲထုတ်ပြီး ဆေးရုံပို့ခဲ့ကြပါတယ်။
ပေါက်ကွဲချိန်မှာ စက်ရုံမှာ လုပ်သား ၃၈ ယောက် ရှိနေတယ်လို့ ကရာချီမြို့ ကော်မရှင်နာမင်းကြီးက ပြောပါတယ်။
2 months Ago