ရေခန်းနေ

January 13, 2020

ဗင်းနင်းမြို့က နာမည်ကျော်တူးမြောင်းများ ရေခန်းနေ

အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ ထူးထူးကဲကဲ ဒီရေကျဆင်းမှုကြောင့် မြို့ရဲ့နာမည်ကျော် တူးမြောင်းတွေ ဇန်နဝါရီ ၁၁ ရက်ကစလို့  ရေခန်းလုနီးပါး ဖြစ်ခဲ့ပါတယ်။ မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် သုံးတဲ့ လှေတွေနဲ့ ရိုးရာကူးတို့ယာဉ်တွေ တူးမြောင်းတွေထဲမှာ ရပ်ထားရပါတယ်။ ၂၀၁၉ နိုဝင်ဘာလတုန်းက ဗင်းနစ်မြို့မှာ နှစ် ၅၀ အတွင်း အမြင့်ဆုံးအဆင့်ထိ ဒီရေတက်လို့ မြို့ဟာ ရေအောက် ၆ ပေလောက် အနက်ကို မြုပ်သွားခဲ့ပါသေးတယ်။ ဒါကြောင့် စိန့်မတ်ခ်ဘုရားကျောင်း အပါအဝင် သမိုင်းဝင် အဖိုးတန်ရတနာတွေ ပြန်ပြင်လို့ မရအောင် ပျက်စီးမှာကို စိုးရိမ်ခဲ့ကြပါတယ်။ ဗင်းနစ်မြို့ဟာ အီတလီနိုင်ငံ အရှေ့မြောက်ကမ်းရိုးတန်းက ဆားငန်ရေအိုင်အတွင်း ကျွန်းစုလေးတွေပေါ်မှာ တည်ထားတဲ့မြို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရေအတက်အကျပေါ် မူတည်ပြီး လှိုင်းအမြင့် အပြောင်းအလဲ ရှိသလို တခါတရံမှာတော့ ပင်လယ်ရေမျက်နှာပြင် အတက်အကျဟာ ပိုပြီးပြင်းထန်လေ့ရှိပါတယ်။
1 year Ago
Up