ရေကြောင်းသပိတ်

March 7, 2021

ဟုမ္မလင်းမြို့တွင် ပထမဆုံးအကြိမ် ရေကြောင်းသပိတ် စတင်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့က ချင်းတွင်းမြစ်အတွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရေကြောင်းသပိတ်ကို မတ်လ ၇ ရက်နေ့က စတင်လိုက်ပါတယ်။

ရေကြောင်းသပိတ်မှာ အမြန်ရေယာဉ်တွေအပြင် လှေအများပြားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြလို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ကတော့ ရတဲ့နည်းလမ်းနဲ့ စစ်အာဏာရှင်ကို တိုက်ပွဲဝင်ကြရမှာပဲ။ လှေက များတော့ အရေအတွက်အတိကျ ကျနော်မသိဘူး။ ကျနော်တို့ မြို့ပေါ်မှာတော့ တခြားမြို့နယ်တွေလို ဖြိုခွင်းတာတွေတော့ သိပ်မရှိသေးပါဘူး။  နောက်ယောင်ခံလိုက်တာနဲ့ ဖမ်းဆီးမှုတချို့တော့ ရှိတယ်။"

သပိတ်စစ်ကြောင်းမှာတော့ ဟုမ္မလင်းမြို့နယ်က ကျေးရွာဒေသခံ ပြည်သူတွေလည်း ပါဝင်ခဲ့ကြပြီး အဲ့ဒီထဲမှာ ရှမ်းနီတိုင်းရင်းသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။

ဟုမ္မလင်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စီတန်းလှည့်လည်ဆန္ဒပြမှုတွေကို ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ခဲ့ကြတာဖြစ်ပြီး အခုလို ရေကြောင်းသပိတ်ပြုလုပ်တာကတော့ ဒါဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်။

2 years Ago
Up