ရေကြောင်းရဲ

A d v e r t i s e m e n t With Us

January 10, 2021

ဆလုံကျွန်းအနီး ငါးသယ်လှေနစ်မြုပ်၊ ရေကြောင်းရဲက ကူညီကယ်ဆယ်

တနင်္သာရီတိုင်း ကော့သောင်းမြို့၊ ဆလုံကျွန်းအနီး ရေပြင်မှာ ဇန်နဝါရီ ၉ ရက်နေ့က ငါးသယ်လှေတစီး ရေဝင်နစ်မြုပ်ခဲ့တဲ့တွက် ကော့သောင်းရေကြောင်းရဲတပ်ဖွဲ့က ကူညီကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။

နစ်မြုပ်လှေမှာ ကျော်ဇေယျာ - ၅၅ အမည်ရှိ အလျား ပေ ၆၀၊ အနံ ၁၆ ပေ၊ ရေစူး ၆ ပေရှိ ငါးသယ်လှေဖြစ်ပါတယ်။

အဲဒီလှေဟာ လှေသား ၆ ယောက်နဲ့ ကော့သောင်းကနေ ရေခဲတွေ တင်ဆောင်ထွက်ခွာလာရာ ဆလုံကျွန်းအနီးမှာ ရေမြုပ်ကျောက်ဆောင်ကို တိုက်မိပြီး ရေဝင်နစ်မြုပ်ခဲ့တာလို့ ကော့သောင်းရေကြောင်းရဲတပ်ဖွဲ့ရဲမှူး ရဲမင်းထက်က ပြောပါတယ်။

ကော့သောင်း ရေကြောင်းရဲတပ်ဖွဲ့က အခင်းဖြစ်နေရာကို ရဲရေယာဉ် "ရဲမန်အောင် ၃၃၄" နဲ့ ရဲရေယာဉ် ၀၁၆၊ ရေယာဉ် ၂ စီးနဲ့ သွားရောက် ရှာဖွေကယ်ဆယ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ သိရပါတယ်။

လတ်ကိုကိုဦး

2 months Ago
Up