ရေကြောင်းညွှန်ကြားမှုဦးစီးဌာနရုံ

October 21, 2020

မန္တလေး ရေကြောင်းညွှန်ကြားမှုဦးစီးဌာနရုံးတွင်  ကိုဗစ်-၁၉ လူနာ ၁၁ ဦးတွေ့ရှိ 

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းနောက်ရပ်ကွက်၊ အောက်ကမ်းနားလမ်းမှာရှိတဲ့ ရေကြောင်းညွှန်ကြားမှုဦးစီးဌာနရုံးမှာ ကိုဗစ်‌-၁၉ ပိုးတွေ့လူနာ ၁၁ ဦးအထိ များပြားလာတာကြောင့် အောက်တိုဘာ ၂၀ ရက်ကစပြီး Semi lockdown ချခဲ့တယ်လို့ ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကနေ သိရပါတယ်။ အဆိုပါရုံးမှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး  ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး တွေ့ရှိခဲ့ရာက ဆက်စပ်ပြီး အောက်တိုဘာ ၂၀ ရက်မှာ ၁၁ ဦးအထိ ရှိလာတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့  ကွာရန်တင်းစင်တာကို ပို့ဆောင်သူ ၇၀ ကျော်ရှိခဲ့ပြီး အဆိုပါ‌ ရေကြောင်းရုံးကနေ စုစုပေါင်း  လူ ၁၀၀ လောက် ကွာရန်တင်း ဝင်ဖို့ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်က "semi lockdown က ဒီရေကြောင်းရုံးက  Positive လူနာ ၁၁ ယောက်ထွက်တယ်။ ကျနော်တို့က ၁၀ ယောက် ထွက်တဲ့ နေရာဆိုရင် semi lockdown ချတာ၊ ဒါကြောင့်မို့ ကျနော်တို့က ရေကြောင်းရုံးနေရာကို semi lockdown စချလိုက်တာ"လို့ ပြောပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့အထိ ချမ်းအေးသာစံမြို့နယ်မှာ ကိုဗစ်-၁၉ လူနာ  ၁၇၆ ယောက်ရှိပြီး ရန်မျိုးလုံရပ်ကွက်ရှိ အကွက်အမှတ် ၇၀၁၊ မောရဂီဝါရပ်ကွက်ရှိ အကွက် ၆၈၂ နဲ့ ဒေးဝန်အနောက်ရပ်ကွက်ရှိ ရေကြောင်းရုံးနေရာတွေကို လတ်တလော  semi lockdown ချထားတယ်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၂၀ ရက် ည  ၉ နာရီအထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၁၁၄၇ ဦးရှိပြီ ဖြစ်ပါတယ်။ သတင်း- ထိန်ထိန်လင်း
2 years Ago
Up