ရေကြီး မြေပြိုမှု

August 15, 2021

ဂျပန်နိုင်ငံ ကျူးရှူးကျွန်းတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေကြီး မြေပြို

ဂျပန်တောင်ပိုင်း၊ ကျူးရှူးကျွန်းပတ်ဝန်းကျင်ဒေသမှာ စံချိန်တင်အောင် မိုးရွာခဲ့အပြီး သြဂုတ် ၁၄ ရက်က လမ်းတွေ ခါးထိ ရေမြုပ်နေတဲ့အပြင် မြေပြိုလို့လည်း လမ်းတွေ ပိတ်နေပါတယ်။

မနေ့ မွန်းလွဲထိ ၃ ရက်ဆက်တိုက် တနေရာတည်းမှာ ရွာတဲ့ မိုးရေချိန်က ၃၇ ဒသမ ၆ လက်မ ရှိခဲ့တာပါ။

ဒေသတွင်း ပြည်သူ ၁ သန်းခွဲအတွက် အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၅  တပ်လှန့် သတိပေးချက် ထုတ်ပြန် ထားတယ်လို့ NHK သတင်းဌာနက ပြောပါတယ်။

လာမယ့်ရက်အနည်းငယ်အတွင်း မိုးထပ်ရွာဦးမယ်လို့ ဂျပန်မိုးလေဝသဌာန (JMA) က သတိပေးထားပါတယ်။

ဂျပန်ရဲ့ အကြီးဆုံးကျွန်းမကြီး ဟွန်းရှူးကျွန်းပေါ်မှာလည်း မိုးတွေ အကြီးအကျယ် ရွာနေပါတယ်။ သီတင်းတပတ်လောက် ဂျပန်တနိုင်ငံလုံး မိုးဆက်ရွာဦးမယ်လို့ (JMA)က သတိပေး ထားပါတယ်။

6 months Ago

October 20, 2020

ဗီယက်နမ် အလယ်ပိုင်းတွင် ရေကြီး မြေပြိုမှုကြောင့် ၉၄ ဦးထက်မနည်း သေဆုံး

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီး မြေပြိုမှုအတွင်း အောက်တိုဘာ ၁၉ ရက်အထိ သေဆုံးသူ ၉၄ ယောက်ထက်မနည်း ရှိလာပြီး အယောက် ၃၀ လောက် ပျောက်ဆုံးနေပါတယ်။  ပျောက်ဆုံးနေသူတွေထဲမှာ တပ်ဖွဲ့ဝင် ၄ ယောက် ပါဝင်ပြီး ရေကြီး မြေပြိုမှုကြောင့် သေဆုံးတပ်ဖွဲ့ဝင် ၂၉ ယောက်အထိ ရှိနေပါတယ်။ ရွှံ့နွံအောက် ရောက်နေတဲ့ ကျန်ရှိ တပ်ဖွဲ့ဝင်တွေကို ယန္တရားကြီးတွေ၊ ကယ်ဆယ်ရေးခွေးနဲ့ ဆက်ပြီး ရှာဖွေနေပါတယ်။  အောက်တိုဘာ ၁၈ ရက်က ကွမ်ထရိုင်ပြည်နယ် မြေပြိုမှုအတွင်း ဗီယက်နမ် တပ်ဖွဲ့ဝင် ၂၂ ယောက် သေဆုံးခဲ့ပါတယ်။ ဒါဟာ နိုင်ငံအလယ်ပိုင်းမှာ ၆ ရက်တာ ကာလအတွင်း ၄ ကြိမ်မြောက် မြေပြိုမှုလည်း ဖြစ်ပါတယ်။ လာမယ့်ရက်တွေအတွင်း နိုင်ငံအလယ်ပိုင်းမှာ မိုးကြီးမယ်လို့လည်း ခန့်မှန်းထား ပါတယ်။  ဗီယက်နမ်အစိုးရဟာ နှစ်များစွာအတွင်း အဆိုးရွားဆုံး ရေကြီးမှုကို ရင်ဆိုင် ဖြေရှင်းနေရတာမို့ သဘာ၀ဘေးအန္တရာယ်တုံ့ပြန်ရေးမှာ အဓိကနေရာက ပါဝင်နေတဲ့ ဗီယက်နမ် စစ်တပ်ဟာ  ကယ်ဆယ်ရေးသမား ရာချီ၊ စက်ယန္တရားကြီးတွေနဲ့  ရှာဖွေရေးခွေးတွေ စေလွှတ်ပြီး ကူညီပေးနေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
1 year Ago
Up