ရေကြီးရေလျှံမှု

December 4, 2022

ဘရာဇီးတောင်ပိုင်း ရေကြီးရေလျှံမှုအတွင်း ၂ ဦး သေဆုံး

ဘရာဇီးနိုင်ငံတောင်ပိုင်း ဖလော်ရီယာနိုပိုလစ်မြို့က ဒေသခံတွေဟာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဖြစ်လာတဲ့ ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဒီဇင်ဘာ ၂ ရက်မှာ ရုန်းကန်နေကြရပါတယ်။ 

ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာကတာရီနာပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် မြို့ပေါင်း ၃၀ မှာ အရေးပေါ်အခြေအနေ ကြေညာထားရပြီး လူ ၂ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့မှူး ဒီယိုဂို ဘာဟီဟာ လော့ဆိုက “လူတွေက အရမ်းကို ယိမ်းခါလှုပ်ယမ်းနေတဲ့ တိုင်တွေ၊ သစ်ပင်တွေကို သတိထား စောင့်ကြည့်နေရမှာဖြစ်ပြီး  မီးသတ်သမားတွေဆီ အရောက်သွားပြီး ဘေးကင်းတဲ့နေရာကို ရောက်ရှိဖို့ ဒီနေရာကနေ ထွက်သွားရပါမယ်”လို့ ပြောပါတယ်။

ဆန်တာ ကတာရီနာ ပြည်နယ်ရဲ့ မြို့တော် ဖလော်ရီယာနိုပိုလစ်မှာ လူတွေဟာ လမ်းမတွေပေါ်မှာ လှေနဲ့ဖြတ်သန်း သွားလာနေရပြီး တချို့လည်း ပေါင်အထိ နက်တဲ့ ရွှံ့ရေတွေထဲ လမ်းလျှောက် နေကြရပါတယ်။ 

ဒေသခံတစ်ဦးဖြစ်တဲ့ ဓာတ်ပုံဆရာ၊ ဖှရန်စီယန် ဖှါယွန်ကတော့ လျှပ်စစ်မီးမရှိ၊ အင်တာနက်မရနဲ့ ဘာဆို ဘာမှ မရလို့ သူ့အမေအိမ်ကိုလည်း သွားလို့မရဘဲ သူ့အမေ အခြေအနေကိုလည်း ဘာမှ မသိရသေးဘူးလို့ ပြောပါတယ်။ 

2 days Ago

October 21, 2020

ကမ္ဘောဒီးယားတွင် ရေကြီးရေလျှံမှုကြောင့် လူ ၃၄ ယောက်ထက်မနည်း သေဆုံး 

ကမ္ဘောဒီးယားနိုင်ငံမှာ မိုးကြီးပြီး ရေကြီးရေလျှံတာတွေကြောင့် သေဆုံးသူ ၃၄ ယောက်ထက်မနည်း ရှိလာတယ်လို့ ဒေသခံမီဒီယာက အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ရေကြီးတာကြောင့် အခြေခံအဆောက်အဦတွေ ရေနစ်မြုပ်၊ လယ်မြေ ဧကပေါင်း ၅၉၃,၀၀၀ ကျော်ရေလွှမ်းခဲ့ပြီး မြို့တော် ဖနွမ်းပင်က လူထောင်ချီ ဘေးလွတ်ရာ ပြောင်းခဲ့ရကာ နိုင်ငံတဝန်း လူ ၂၄၅,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပါတယ်။ အောက်တိုဘာ အစောပိုင်းကတည်းက အရှေ့တောင် အာရှဒေသမှာ ရေကြီးမှုကြောင့် လူပေါင်း ဒါဇင်ချီ သေဆုံးထားပါတယ်။ လာနီညာ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်မှာ အရှေ့တောင်အာရှဟာ အထူးသဖြင့် မိုးကြီးတဲ့ဒဏ်ကို ခံစားနေရတာပါ။ ဒါဟာ အီကွေတာဒေသ ပစိဖိတ်သမုဒ္ဒရာမှာ ထူးထူးခြားခြား အပူချိန် ကျဆင်းတဲ့ဖြစ်စဉ် ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
2 years Ago
More News
Up