ရေကြီးမှု

August 1, 2022

အမေရိကန် ကန်တပ်ကီပြည်နယ်တွင် ရေကြီးမှုကြောင့် ၂၆ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ ကန်တပ်ကီပြည်နယ် အရှေ့ပိုင်းမှာ မိုးကြီးလို့ ရေလွှမ်းမိုးမှုကြောင့် ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အလောင်းတွေကို သီတင်းပတ်ချီပြီး ဆက်ရှာရဖို့ အာဏာပိုင်တွေက ခန့်မှန်းထားတယ်လို့ အုပ်ချုပ်ရေးမှူး အန်ဒီ ဘီရှားက ဇူလိုင် ၃၁ ရက်မှာ ပြောပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်းတွေကို ထပ်ရှာတွေ့ထားပေမယ့် သေဆုံးသူတွေ ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးပါဘူး။

ဇူလိုင် ၃၀ ရက်မှာ ကလေး လေးဦး သေဆုံးတာ အတည်ပြုခဲ့ပြီး ဇူလိုင် ၃၁ ရက်မှာ နောက်ထပ် ၂ ဦးထက်မနည်း တိုးလာမှာ စိုးရိမ်တယ်လို့ အုပ်ချုပ်ရေးမှူးက NBC News သတင်းဌာနကို ပြောခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးက ဇူလိုင် ၂၈ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ကန်တက်ကီ ပြည်နယ်သမိုင်းမှာ "အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ဖြစ်ရပ်တွေထဲက တခု" အဖြစ်ဖော်ပြခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ကန်တက်ကီရဲ့ ကြီးမားတဲ့ ဘေးဒုက္ခတခုအဖြစ် ကြေညာခဲ့ပြီး ပြည်ထောင်စုရန်ပုံငွေတွေကို ပြည်နယ်အတွက် ခွဲဝေပေးခဲ့ပါတယ်။

ကန်တက်ကီပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေအတွက်  သြဂုတ် ၁ ရက် မနက်အထိ ရေကြီးရေလျှံမှု စောင့်ကြည့်ရေး အသက်ဝင်ခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာနက ပြောခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက် အစောပိုင်းမှာ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အစီရင်ခံစာ ၁၃၀၀၀ ကျော်ရှိခဲ့တယ်လို့ PowerOutage.US အင်တာနက် စာမျက်နှာက ဆိုပါတယ်။ ဒီဇင်ဘာလတုန်းက ပြည်နယ်အနောက်ပိုင်းမှာ လူ ၈၀ နီးပါး သေဆုံးခဲ့တဲ့ လေဆင်နှာမောင်း တိုက်ခတ်ပြီးတဲ့နောက် အခု ရေကြီးမှုဟာ ခုနစ်လအတွင်း ကန်တပ်ကီကို ဒဏ်ခတ်တဲ့ ဒုတိယမြောက် အဓိကဘေးအန္တရာယ် ဖြစ်လာခဲ့ပါတယ်။

4 months Ago

July 8, 2022

အိန္ဒိယ‌မြောက်ပိုင်းတွင် မိုးရွာပြီး ရေကြီးမှုကြောင့် လူ ၄ ဦးပျောက်ဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟင်မာချယ်ပရာဒတ်ရှ်ပြည်နယ်ထဲက ကူလူမြို့နယ်ထဲမှာ ဇူလိုင် ၆ ရက်က မိုးရွာပြီး ရုတ်တရက် ရေကြီးမှုဖြစ်ပြီးနောက် လူ ၄ ယောက် ပျောက်ဆုံးနေပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို ရွှံ့တွေ၊ အမှိုက်တွေကြားထဲမှာ ရှာဖွေနေကြပါတယ်။

မွမ်ဘိုင်းမြို့မှာလည်း မိုးသည်းထန်ပြီးနောက် ရေလျှံနေတဲ့ လမ်းမတွေပေါ်မှာ ယာဉ်တွေ သွားလာနေရတာကို တွေ့ရပါတယ်။

5 months Ago
More News
Up