ရေကြီး

September 19, 2021

ရေဦး-တန့်ဆည်-ကလေးဝ ကားလမ်း ရေကျော်၊ သွားလာရေး ခက်ခဲ

စစ်ကိုင်းတိုင်း  တန့်ဆည်မြို့နယ်မှာ စက်တင်ဘာ ၁၇၊ ၁၈ ရက်က မိုးရွာသွန်းမှု များတာ‌ကြောင့် ချောင်းရိုးရွာနားက ရေဦး-တန့်ဆည်-ကလေးဝ ကားလမ်းမကြီးပေါ် ရေကျော်လို့ ကား၊ ဆိုင်ကယ်တွေ သွားလာရခက်ခဲနေပါတယ်။

ဆိုင်ကယ်တစ်စီး တွန်းခ ၂၀၀၀ ပေးရပြီး ကားတစ်စီး ၅,၀၀၀ ပေးနေကြရတယ်လို့ ဆိုပါတယ်။

တန့်ဆည်မြို့နယ် ချောင်းရိုးရွာနားက ကားလမ်းမကြီးဟာ မိုးကြီးတဲ့နှစ်တိုင်း အခုလို ရေကျော်ပြီး လမ်းပျက်စီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

4 days Ago

September 4, 2021

ရွှေတောင်မြို့ ၌ ဧရာဝတီမြစ်ရေကြီးပြီး မြေနိမ့်ရပ်ကွက်များရေဝင်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့မှာ စက်တင်ဘာ ၄ ရက် ဒီနေ့ ညနေ ၃ နာရီက ဧရာဝတီမြစ်ရေမြင့်တက်လာလို့ ရပ်ကွက်တချို့ ရေဝင်နေပါတယ်။ 

ကြာနီကန်ရပ်ကွက်နဲ့ ယွန်းတန်းရပ်ကွက်က အနိမ့်ပိုင်း နေအိမ်တွေမှာရေဝင်ရောက်တာကြောင့်  ရွှေတောင်မြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရေဘေးသင့်တဲ့  အိမ်ထောင်စု ၆ စုကို ရေဘေးလွတ်ရာ ယွန်းတန်းရပ်ကွက်က ရွှေမျက်မှန်ဘုရားဝင်းအတွင်းကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေကြီးတာကြောင့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်မှု မရှိဘူးလို့ ကနဦးသိရပါတယ်။

(ဓာတ်ပုံ  - ရွှေတောင်မီးသတ်)

3 weeks Ago
More News
Up