ပါကစ္စတန်တောင်ပိုင်း ဆင်းဒ်ပြည်နယ်ရှိ ရေကန်ထဲမှာ သြဂုတ် ၁၇ ရက်က လှေမှောက်ပြီး လူ ၁၀ ယောက်ထက်မနည်း ရေနစ်သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
သာဒါခရိုင် ကင်ဂျာရေကန်အတွင်း လှေမှောက်ခဲ့ပြီး အဆမတန် ဝန်တင်တာနဲ့ လေပြင်းတိုက်တာကြောင့် လှေမှောက်တာ ဖြစ်ဖွယ်ရှိတယ်လို့ ဒေသမီဒီယာက ရေးပါတယ်။
ရေနစ်သေဆုံးတဲ့ ရုပ်အလောင်းတွေကိုတော့ ကရာချိမြို့က အီဒီရေခဲတိုက်ဆီ ပို့ဆောင်ခဲ့ပြီး သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေက အဲဒီကို သွားရောက်ခဲ့ပါတယ်။
အမျိုးသမီး ၁၁ ယောက်နဲ့ မိန်းကလေး ၂ ယောက်တို့ဟာ ရေကန်လယ်ရှိ ဘာသာရေးဗိမာန်တစ်ခုကနေ ပြန်အလာမှာ လှေမှောက်ခဲ့တာဖြစ်ပါတယ်။ ရေငုပ်သမားတွေက အမျိုးသမီး ရုပ်အလောင်း ၉ လောင်းနဲ့ မိန်းကလေးရုပ်အလောင်း ၁ လောင်းကို ဆယ်ယူခဲ့ပြီး ကျန် ၃ ယောက်ကတော့ သတိမရသေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
နေ့ချင်းပြန်ခရီးသွားရာမှာ ထင်ရှားတဲ့ ကင်ဂျာရေကန်ဟာ သာဒါမြို့ကနေ ၂၂ မိုင်သာ ဝေးပါတယ်။ ကရာချိ၊ ဟိုက်ဒရာဘတ်၊ သာဒါနဲ့ အနီးဝန်းကျင်မြို့တွေက ဒေသခံတွေဟာ အဲဒီရေကန်မှာ ပျော်ပွဲစားထွက်တာ၊ ရေကူးတာ၊ ငါးမျှားတာနဲ့ အပျော်လှေစီးလေ့ရှိတယ်လို့ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။
2 years Ago