ရူပဗေဒကျောင်းသားထု

April 15, 2021

စစ်ကျွန်ပညာရေးစနစ်အောက် ပညာမသင်နိုင်ကြောင်း ပုသိမ်ရူပဗေဒကျောင်းသားထု ကြေညာ

စစ်ကျွန်ပညာရေးစနစ်အောက်မှာ ပုသိမ်တက္ကသိုလ် ရူပဗေဒကျောင်းသားထုအနေနဲ့ ပညာသင်ကြားခြင်း မပြုနိုင်ကြောင်း ဒီနေ့မနက် သဘောထားထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပုသိမ်တက္ကသိုလ် ရူပဗေဒကျောင်းသားထု အနေနဲ့ ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်းတွေနဲ့အတူ ရပ်တည်ပြီး CDM  ကျောင်းသား လုပ်သွားမယ်လို့ လည်း ထုတ်ပြန်ပါတယ်။

မေ ၅ ရက်နေ့ နိုင်ငံတဝန်း တက္ကသိုလ်တွေ ပြန်လည်ဖွင့်လှစ်တော့မယ်လို့ စစ်အာဏာသိမ်းအဖွဲ့က ကြေညာထားတာလို့ ဆိုပါတယ်။

ပုသိမ်တက္ကသိုလ်ကို CDM တက္ကသိုလ်အဖြစ် ဖေဖော်ဝါရီလက ကြေညာထားတာပါ။

4 weeks Ago
Up