ရုံတင်မည် (ရုပ်သံ)

August 8, 2019

ငါးမန်းကား ကြိုက်သူများအတွက် နာမည်ကြီး 47 Meters Down နောက်ဆက်တွဲရုပ်ရှင် ရုံတင်မည် (ရုပ်သံ)

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဝင်ငွေစံချိန်တင်ရရှိခဲ့တဲ့ 47 Meters Down ရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင်ကို လာမယ့် သြဂုတ်လလယ်မှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ 47 Meters Down: Uncaged လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ အရင်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ဗြိတိန် ရုပ်ရှင်ဒါရိုက်တာ Johannes Roberts က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပြီး Entertainment Studios Motion Pictures က တင်ဆက်လိုက်တာပါ။ အရင်ရုပ်ရှင်ကားထဲမှာတော့ ငါးမန်းတွေရှိတဲ့ နေရာကို လှောင်အိမ်နဲ့ ရေငုပ်ကြည့်ရှုရင်း အသက်အန္တရာယ်တွေကြား ရင်တမမ ဖြတ်သန်းရပုံတွေကို ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ဆက်တွဲရုပ်ရှင် Uncaged မှာတော့ ဆယ်ကျော်သက်ကောင်မလေး ၄ ယောက်ဟာ ရေအောက် စွန့်ပစ်မြို့တော်ကြီးတခုဆီ ဒိုက်ဗင်စွန့်စားခန်းထွက်ကြပြီး မကြာခင်မှာပဲ သူတို့ သိလိုက်ရတာက သူတို့ဟာ အသက်အန္တရာယ် ထိခိုက်စေနိုင်လောက်အောင် အန္တရာယ်ဇုန်ထဲကို ရောက်ရှိနေခဲ့ပြီ ဆိုတာကိုပါပဲ။ အဲဒီနေရာမှာတော့ သားစားငါးမန်းမျိုးစိတ်တွေ ကျင်လည်ကျက်စားနေပြီး တဖြည်းဖြည်း ရေအောက်အနက်ပိုင်းက လှောင်အိမ်ထဲက လွတ်မြောက်အောင် ဘယ်လိုစွန့်စားမှုတွေနဲ့ အသက်လုတိုက်ခိုက်ရင်း ရုန်းကန်ကြရမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Sophie Nélisse၊ Corinne Foxx၊ Brianne Tju၊ Sistine Stallone၊ Davi Santos၊ Khylin Rhambo စတဲ့ သရုပ်ဆောင်တွေက ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယိုမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုပေါ်မှာတော့ ရက်ပိုင်းအတွင်း ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်ကား 47 Meters Down ကတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၅ သန်းကျော် အကုန်အကျခံ ရိုက်ကူးခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် ရရှိခဲ့တာမို့ ခုအသစ်ထွက်ရှိလာတဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကတော့ အရင်ရုပ်ရှင်ကို မီပါ့မလား၊ ဝင်ငွေစံချိန် ချိုးနိုင်ပါ့မလားဆိုတာကိုတော့ မကြာခင် စောင့်မျှော်ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။
Zawgyi Version ငါးမန္းကား ႀကိဳက္သူမ်ားအတြက္ နာမည္ႀကီး 47 Meters Down ေနာက္ဆက္တြဲ႐ုပ္ရွင္ ႐ုံတင္မည္ (႐ုပ္သံ) DVB ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္မွာ ႐ုံတင္ျပသခဲ့ၿပီး ဝင္ေငြစံခ်ိန္တင္ရရွိခဲ့တဲ့ 47 Meters Down ႐ုပ္ရွင္ရဲ႕ ေနာက္ဆက္တြဲ႐ုပ္ရွင္ကို လာမယ့္ ၾသဂုတ္လလယ္မွာ ႐ုံတင္ျပသသြားဖို႔ ရွိေနပါတယ္။ 47 Meters Down: Uncaged လို႔ အမည္ေပးထားတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ အရင္႐ုပ္ရွင္ကားကို ႐ိုက္ကူးခဲ့တဲ့ ၿဗိတိန္ ႐ုပ္ရွင္ဒါ႐ိုက္တာ Johannes Roberts က ႐ိုက္ကူး ပုံေဖာ္ေပးထားတာ ျဖစ္ၿပီး Entertainment Studios Motion Pictures က တင္ဆက္လိုက္တာပါ။ အရင္႐ုပ္ရွင္ကားထဲမွာေတာ့ ငါးမန္းေတြရွိတဲ့ ေနရာကို ေလွာင္အိမ္နဲ႔ ေရငုပ္ၾကည့္ရႈရင္း အသက္အႏၲရာယ္ေတြၾကား ရင္တမမ ျဖတ္သန္းရပုံေတြကို ႐ိုက္ကူးထားခဲ့တာ ျဖစ္ပါတယ္။ အခုေနာက္ဆက္တြဲ႐ုပ္ရွင္ Uncaged မွာေတာ့ ဆယ္ေက်ာ္သက္ေကာင္မေလး ၄ ေယာက္ဟာ ေရေအာက္ စြန႔္ပစ္ၿမိဳ႕ေတာ္ႀကီးတခုဆီ ဒိုက္ဗင္စြန႔္စားခန္းထြက္ၾကၿပီး မၾကာခင္မွာပဲ သူတို႔ သိလိုက္ရတာက သူတို႔ဟာ အသက္အႏၲရာယ္ ထိခိုက္ေစႏိုင္ေလာက္ေအာင္ အႏၲရာယ္ဇုန္ထဲကို ေရာက္ရွိေနခဲ့ၿပီ ဆိုတာကိုပါပဲ။ အဲဒီေနရာမွာေတာ့ သားစားငါးမန္းမ်ိဳးစိတ္ေတြ က်င္လည္က်က္စားေနၿပီး တျဖည္းျဖည္း ေရေအာက္အနက္ပိုင္းက ေလွာင္အိမ္ထဲက လြတ္ေျမာက္ေအာင္ ဘယ္လိုစြန႔္စားမႈေတြနဲ႔ အသက္လုတိုက္ခိုက္ရင္း ႐ုန္းကန္ၾကရမလဲ ဆိုတာေတြကို ဒီကားထဲမွာ ရႈစားၾကရမွာပါ။ ဒီကားထဲမွာေတာ့ ေဟာလိဝုဒ္ သ႐ုပ္ေဆာင္မင္းသား မင္းသမီးေတြ ျဖစ္ၾကတဲ့ Sophie Nélisse၊ Corinne Foxx၊ Brianne Tju၊ Sistine Stallone၊ Davi Santos၊ Khylin Rhambo စတဲ့ သ႐ုပ္ေဆာင္ေတြက ေခါင္းေဆာင္ပါဝင္ထားၾကပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ တိုက္ခိုက္မႈေတြ၊ ေသြးထြက္သံယိုျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၃ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္နဲ႔မွ ၾကည့္ရႈသင့္တဲ့ PG-13 အဆင့္ သတ္မွတ္ထားပါတယ္။ ဒီ႐ုပ္ရွင္ကား Trailer ဟာ ယူက်ဳေပၚမွာေတာ့ ရက္ပိုင္းအတြင္း ဝင္ေရာက္ ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ သန္းနဲ႔ခ်ီ ရွိေနခဲ့တာ ျဖစ္ပါတယ္။ အရင္႐ုပ္ရွင္ကား 47 Meters Down ကေတာ့ ဘတ္ဂ်က္ အေမရိကန္ေဒၚလာ ၅ သန္းေက်ာ္ အကုန္အက်ခံ ႐ိုက္ကူးခဲ့ၿပီး ဝင္ေငြ အေမရိကန္ေဒၚလာ သန္း ၆၀ ေက်ာ္ ရရွိခဲ့တာမို႔ ခုအသစ္ထြက္ရွိလာတဲ့ ေနာက္ဆက္တြဲ ႐ုပ္ရွင္ကေတာ့ အရင္႐ုပ္ရွင္ကို မီပါ့မလား၊ ဝင္ေငြစံခ်ိန္ ခ်ိဳးႏိုင္ပါ့မလားဆိုတာကိုေတာ့ မၾကာခင္ ေစာင့္ေမွ်ာ္ၾကည့္ရႈႏိုင္ေတာ့မွာ ျဖစ္ပါတယ္။
2 years Ago
Up