ရုံတင်ပြသမည့်ရက်ကြေညာ

November 26, 2020

နာမည်ကြီး Wonder Woman 1984 ရုပ်ရှင် ရုံတင်ပြသမည့်ရက်ကြေညာ (ရုပ်ရှင်နမူနာ)

ရုံတင်ရက်အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတဲ့ နာမည်ကြီး စူပါဟီးရိုးရုပ်ရှင် Wonder Woman 1984 ကို ကမ္ဘာတဝန်း ရုံတင်ပြသမယ့် ရက်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ လာမယ့် ခရစ္စမတ်ကာလက စတင်ပြီးတော့ ဒီဂျစ်တယ် ပလက်ဖောင်း HBO Max နဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ ကြိုတင်ကြေညာပါတယ်။ ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသမီး ဂယ်ဂဒေါ့ ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ Warner Bros. Pictures က ဖြန့်ချိမှာဖြစ်ပြီး အမေရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Patty Jenkins က ရိုက်ကူးပုံဖော်ပေးထားတာပါ။ အမျိုးသမီးစူပါဟီးရိုးဇာတ်ကောင် Wonder Woman ဟာ DC Comics ဇာတ် ကောင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman Vs. Superman: Dawn of Justice ရုပ်ရှင်မှာ ပွဲဦးထွက် စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ Wonder Woman အမည်နဲ့ ရုပ်ရှင်ထွက်ရှိလာခဲ့ပြီး တနှစ်တည်းမှာပဲ ထွက်ရှိခဲ့တဲ့ Justice League မှာလည်း Batman၊ Superman၊  Aquaman၊ Falsh၊ Cyborg တို့လို DC နာမည်ကြီးဇာတ်ကောင်တွေနဲ့ Wonder Woman က တစုတစည်းတည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ခုကားကတော့ ၂၀၁၇ ရုပ်ရှင် Wonder Woman ရဲ့ နောက်ဆက်တွဲ Sequel ရုပ်ရှင်အနေနဲ့ အချိန် ၃ နှစ်အကြာမှာ ထွက်ရှိလာပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မင်းသမီး ဂယ်ဂဒေါ့နဲ့အတူ တခြား ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Chris Pine ၊ Kristen Wiig ၊ Pedro Pascal ၊ Robin Wright နဲ့ Connie Nielsen စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာပါ။ Wonder Woman 1984 ရုပ်ရှင်ကားထဲမှာ Diana Prince တဖြစ်လည်း Wonder Woman က ၁၉၈၀ ပြည့်လွန် စစ်အေးခေတ်ကာလအတွင်း ဆိုဗီယက်ယူနီယံနဲ့ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေထဲ ပါဝင်ဖြစ်ခဲ့တာတွေကို ဘယ်လို အမိုက်စား၊ အလန်းစား ဇာတ်လမ်း ဇာတ်ကွက်တွေ၊ အထူးပြုချက်တွေနဲ့ ရိုက်ကူးထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ စောင့်မျှော် ကြည့်ရှုကြရမှာပါ။ ဘတ်ဂျက် အမေရိကန်ဒေါ်လာသန်း ၂၀၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကို အစပိုင်းတုန်းက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်မှာ ပြသသွားဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရုံတင်ရက်တွေ ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ကမ္ဘာတလွှား ရုပ်ရှင်ရုံတွေကို ပိတ်ထားခဲ့ရတာမို့  နှစ်လယ်ပိုင်းလောက်မှာ ပြသမယ့်အစီအစဉ်ကို ထပ် မံရွှေ့ဆိုင်းခဲ့ရပြီး လာမယ့် ဒီဇင်ဘာလ ၂၅ ရက်၊ ခရစ္စမတ်နေ့မှာ ရုံတင်ပြသသွားဖို့ ကြေ ညာထားပါတယ်။ အဲဒီနေ့မှာပဲ တပြိုင်နက်တည်း အမေရိကန်နိုင်ငံမှာ ရုပ်ရှင်ရုံတွေနဲ့အတူ HBO Max မှာလည်း ကြည့်ရှုနိုင်မှာဖြစ်ကာ HBO Max မရရှိနိုင်တဲ့ နိုင်ငံတွေမှာတော့ အချိန်သီ တင်းပတ်တပတ်စောပြီး ဒီဇင်ဘာ ၁၆ ရက်မှာ ရုံတင်ပြသသွားမယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရုပ်ရှင်ရုံတွေကို သွားရောက်မကြည့်ရှုနိုင်တဲ့ ပရိသတ် တွေအနေနဲ့ HBo Max မှာ Subscribe လုပ်ထားတဲ့ အမေရိကန်နိုင်ငံက အသုံးပြုသူတွေအတွက် အခကြေးငွေ ထပ်မံပေးဆောင်ဖို့မလိုဘဲ ၁ လ ကြည့်ရှုခွင့် ပေးထားမယ်လို့လည်း သိရပါတယ်။ လတ်တလောမှာတော့ Warner Bros. က ကမ္ဘာတလွှားရုံတင်ပြသမယ့် ရက်တွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့မှာတော့ ဘယ်လ်ဂျီယမ်၊ ဘူလ်ဂေးရီးယား၊ အီဂျစ်၊ အက်စ် တိုးနီးယား၊ ပြင်သစ်၊ ဂရိစ်၊ ဟော်လန်၊ အိုက်စ်လန်၊ အင်ဒိုနီးရှား၊ ပေါ်တူဂီ၊ တောင်အာဖရိ က၊ ဆွစ်ဇာလန်နဲ့ ယူကေနိုင်ငံတွေမှာ စတင်ပြသသွားမှာပါ။ ဘိုလီးဗီးယား၊ ဘရာဇီး၊ ကော့စတာရီကာ၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ဒိန်းမတ်၊ အယ်လ်ဆာဗေဒို၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်၊ ဟောင်ကောင်၊ မလေးရှား၊ မက္ကဆီကို၊ အရှေ့ အလယ်ပိုင်း နိုင်ငံတွေနဲ့ တခြားနိုင်ငံတွေဖြစ်တဲ့ နီဂရာဂွာ၊ ပနားမား၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ ဆားဘီးယား၊ စင်ကာပူ၊ ဆလိုဗက်ကီးယား၊ ထိုင်ဝမ်၊ ထိုင်းနဲ့ ယူအေအီးနိုင်ငံတွေမှာတော့ ဒီဇင်ဘာ ၁၇ ရက်က စတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာတော့ တရုတ်၊ အရှေ့အာဖရိက၊ ဂျပန်၊ နိုင်ဂျီးရီးယား၊ စပိန်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ပြသသွားမှာဖြစ်ကာ ဒီဇင်ဘာ ၂၃ ရက်မှာတော့ ဩစတီးယား၊ ဂျာမနီနဲ့ ကိုရီးယားနိုင်ငံတွေမှာ ပြသသွားမယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂၄ ရက်မှာတော့ ဟန်ဂေရီနဲ့ ဆလိုဗေးနီးယားနိုင်ငံတွေမှာ ရုံတင်ပြ သသွားမှာဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်မှာတော့ ကနေဒါ၊ ကိုလံဘီယာ၊ ဖင်လန်၊ အိန္ဒိယ၊ လတ်ဗီယာ၊ လစ်သူယေးနီးယား၊ နော်ဝေ၊ ဆွီဒင်၊ ဗင်နီဇွဲလားနဲ့ အမေရိကန်နိုင်ငံတွေမှာ ပြသသွားမှာ ဖြစ်ပါတယ်။ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာတော့ ဒီဇင်ဘာ ၂၆ ရက်က စတင်ပြသသွား မှာဖြစ်ပြီး အာဂျင်တီးနားနိုင်ငံမှာတော့ အခုနှစ်ကုန် ဒီဇင်ဘာ ၃၁ ရက်မှာ ရုံတင်ပြသသွားမှာပါ။ ယူကရိန်းနဲ့ ဥရုဂွေးနိုင်ငံတွေမှာတော့ လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နေ့နဲ့ ဖိလစ်ပိုင်နိုင်ငံမှာ  ၈ ရက်နေ့တွေ စတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၄ ရက်မှာ အဇာဘိုင်ဂျန်၊ ချက်၊ ကာဇက်စတန်၊ ရုရှားနိုင်ငံနဲ့ ၁၅ ရက်နေ့မှာတော့ ရိုမေးနီးယားနဲ့ တူရကီနိုင်ငံတွေမှာ စတင်ပြသသွားမှာပါ။ ချီလီနဲ့ ပီရူးနိုင်ငံတွေမှာတော့ ဇန်နဝါရီ ၂၁ ရက်နေ့နဲ့ ပိုလန်နိုင်ငံမှာတော့ ၂၂ ရက်နေ့့ ရုံတင်ပြသသွားမယ်လို့ ဆိုပါတယ်။ အီတလီနိုင်ငံမှာတော့ ဇန်နဝါရီ ၂၈ ကစတင်ပြသသွားမှာဖြစ်ပြီး ကျန်တဲ့ ဘာရိန်း၊ ဂါနာ၊ အစ္စရေး၊ ကူဝိတ်၊ လက်ဘနွန်၊ တခြားအာရှနိုင်ငံတွေ၊ လက်တင်အမေရိက နိုင်ငံတွေနဲ့ ကျွန်းနိုင်ငံတွေမှာ ပြသနိုင်မယ့်ရက်တွေကိုတော့ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့  သိရပါတယ်။
5 months Ago
Up