ရုရှားအာကာသအေဂျင်စီ

July 8, 2020

ရုရှားအာကာသအေဂျင်စီအကြီးအကဲ၏ လက်ထောက်ကို လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီး

ရုရှားလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရုရှား အာကာသအေဂျင်စီ အကြီးအကဲရဲ့ လက်ထောက်အဖြစ် အလုပ်လုပ်နေတဲ့ သတင်းထောက်ဟောင်းကို ဇူလိုင် ၇ ရက်က ဖမ်းဆီးလိုက်ပါတယ်။ သူဟာ စစ်ရေးလျှို့ဝှက်ချက်တွေကို အမည်မဖော်ထားတဲ့ နေတိုးအဖွဲ့ဝင် အင်အားကြီးနိုင်ငံဆီကို လွှဲပြောင်းပေးခဲ့လို့ သစ္စာဖောက်မှုနဲ့ စွပ်စွဲထားပါတယ်။  ရုရှားထောက်လှမ်းရေးအေဂျင်စီ FSB က သံသယရှိသူ အိုင်ဗန်ဆာ့ဖရွန်နော့ဗ်ကို မော်စကိုမြို့တိုက်ခန်းအပြင်မှာ ဖမ်းခဲ့တဲ့ ရုပ်သံကိုလည်း ဖြန့်ချိလိုက်ပါတယ်။ ဆာ့ဖရွန်နော့ဗ်ကတော့ နိုင်ငံတော် လျှို့ဝှက်ချက်တွေကို နိုင်ငံခြား တိုင်းပြည်ဆီ မလွှဲပေးဘူးလို့ သူ့ကို စစ်ကြောချိန်မှာ ငြင်းခဲ့တယ်လို့ ရုရှားအခြေစိုက် တက်စ်သတင်းဌာနက အစီရင်ခံပါတယ်။ ဆာ့ဖရွန်ဟာ အရင်က အစိုးရ သတင်းစာနှစ်စောင်မှာ စစ်ရေးကိစ္စတွေကို သတင်းရေးလေ့ ရှိသူပါ။ သူ့ကို တရားရုံးမှာ တံခါးပိတ် စစ်ဆေးမယ်လို့ မျှော်လင့်ထားပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် နှစ် ၂၀ ကျခံရနိုင်ပါတယ်။
1 year Ago
Up