ရုရှားအရှေ့ဖျားနှင့်ဆိုက်ဘေးရီးယား

January 23, 2021

ရုရှားအရှေ့ဖျားနှင့်ဆိုက်ဘေးရီးယားတွင် နာဗင်ညီလွှတ်ပေးရန်နှင့်ပူတင်နုတ်ထွက်ရန် ဆန္ဒပြ

ရုရှားအရှေ့ဖျား နဲ့ ဆိုက်ဘေးရီးယားဒေသကလမ်းတွေမှာ အတိုက်အခံခေါင်းဆောင် နာဗင်ညီ ထောက်ခံသူတွေက နာဗင်ညီ လွှတ်ပေးရေးနဲ့ သမ္မတ ပူတင်ရာထူးက နုတ်ထွက်ရေး ဇန်နဝါရီ ၂၃ ရက်က တောင်းဆိုဆန္ဒပြခဲ့ပါတယ်။  အဆိပ်ခတ်ခံရပြီးနောက် ပထမဆုံးအကြိမ် မော်စကိုကို ပြန်လာတဲ့ နာဗင်ညီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အဖမ်းခံရပါတယ်။  ဗလာဒီဗော့စတော့မြို့မှာ အဓိကရုဏ်းရဲတွေက ဆန္ဒပြသူတွေကို လိုက်ဖမ်းခဲ့ပြီး ခါဗာရော့စ်မြို့မှာတော့  ဆန္ဒပြသူတွေဟာ အနုတ် ၁၄ ဒီဂရီ စင်တီဂရိတ် ရှိတဲ့အအေးဒဏ်ကို ကြံ့ကြံ့ခံဆန္ဒပြခဲ့ပါတယ်။   ဆန္ဒပြပွဲတွေမှာ  ခါဗာရော့စ်မြို့က ၁၃ ယောက်အပါအဝင် ၄၈ ယောက် ထိန်းသိမ်းခံ ရတယ်လို့  OVD-Info ဆိုတဲ့ အွန်လိုင်းလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။  မြို့တော် မော်စကိုမှာတော့ ဆန္ဒပြပွဲတွေကို ကြိုတင် တားမြစ်တဲ့ ကြိုးပမ်းမှုအဖြစ် ပွတ်ရှ်ကင်စကာရင်ပြင်ပတ်လည်မှာ ရဲတွေက အရံအတားတွေ ချထားပါတယ်။   ရုရှားအစိုးရကို ဝေဖန်သူ  ရှေ့နေဟောင်း နာဗင်ညီဟာ သူ့အပေါ်  စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်လို့ ထောင်ဒဏ်  ၅ နှစ်အထိ ကျခံရဖွယ်ရှိပါတယ်။  ရာသီဥတု ဆိုးရွားပြီး ကပ်ရောဂါ ဖြစ်နေပေမဲ့ နာဗင်ညီ ထောက်ခံသူတွေက   နာဗင်ညီကို လွှတ်ပေးဖို့ တောင်းဆိုပြီး  အစိုးရဆန့်ကျင်ဆန္ဒပြပွဲကို လုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။  
9 months Ago
Up