ရုရှားအစိုးရသစ်

January 23, 2020

ရုရှားအစိုးရသစ်ကို လူဟောင်းအများစုဖြင့် ပြန်လည်ဖွဲ့စည်း

ရုရှားအစိုးရသစ်ကို လူဟောင်းတွေ အကြီးတန်းဝန်ကြီးတွေ အများအပြားနဲ့ ဖွဲ့စည်းပြီး ကြောင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဇန်နဝါရီ ၂၁ရက်မှာ အတည်ပြုပြောပါတယ်၊ ဒါပေမယ့် စီးပွားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ်တို့ကိုတော့ လူသစ်တွေကို ခန့်ထားခဲ့တာပါ။ ပူတင်က နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေး တင်ပြအပြီး ဝန်ကြီးချုပ် ဒမစ်ထရီမက်ဒီဒေ့ဗ်နဲ့ အစိုးရတဖွဲ့လုံး ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။  အဲဒီနောက် သီတင်းပတ်တပတ်အတွင်း အစိုးရသစ်ကို ပြန်ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံရေးနောက်ကြောင်း မရှိသလောက်ဖြစ်တဲ့ အခွန်ဌာနအကြီးအကဲ မီခေးလ် မီရှုစတင်ကို ဝန်ကြီးချုပ် အသစ်အဖြစ် ပူတင်က ရွေးချယ်ခဲ့ပါတယ်။  ၂၀၁၃ ခုနှစ်တည်းက ပူတင်ရဲ့ စီးပွားရေးအကြံပေးဖြစ်သူ အန်ဒရေ ဘေလူဆော့ဗ်ကတော့ ရုရှားရဲ့ဒုဝန်ကြီးချုပ်သစ် နှစ်ဦးထဲက တဦး ဖြစ်လာတာပါ။ ဒေသန္တရအုပ်ချုပ်ရေးမှူးဟောင်း မက်ဆင်မ်ရေရှတ်နီကို့ဗ်ကိုတော့ စီးပွားရေးဝန်ကြီးသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဘဏ္ဍာရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူးတွေကိုတော့ အရင်လူတွေကိုပဲ ဆက်ပြီး ခန့်ထားခဲ့တယ်လို့ ရုရှားသမ္မတနန်းတော်က သတင်းထုတ်ပြန်ပါတယ်။
1 year Ago
Up