ရုရှားသမ္မတ ပူတင်

September 15, 2021

နေတိုးအဖွဲ့၏လှုပ်ရှားမှုကိုတုံ့ပြန်ရန် စစ်ရေးလေ့ကျင့်ခြင်းဖြစ်ဟု ရုရှားသမ္မတပူတင် ပြော

ဘဲလာရုစ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ရုရှားနဲ့ မဟာမိတ်တွေရဲ့ နယ်စပ်နားမှာ နေတိုးအဖွဲ့ရဲ့ လှုပ်ရှားမှု တိုးလာတာကို တုံ့ပြန်ဖို့ လိုအပ်ချက်အရ လုပ်တာဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှုကို  ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဘဲလာရုစ်အစိုးရနဲ့အတူ  စက်တင်ဘာ ၁၃ ရက်မှာ ကြီးကြပ်ဆောင်ရွက်ခဲ့ပါတယ်။

ဇာပဒ် ၂၀၂၁ စစ်ရေးလေ့ကျင့်မှုကို ရုရှားနဲ့ ဆိုဗီယက်ခေတ်ဟောင်းက မိတ်ဖက် ဘဲလာရုစ်နိုင်ငံက နယ်မြေအသီးသီးမှာစက်တင်ဘာ ၁၆ ရက်နေ့အထိ  ဆင်နွှဲမှာပါ။ တနင်္လာနေ့က လေ့ကျင့်ခန်းကတော့ ရန်သူတပ်တွေကို တန်ပြန်ခုခံမှု စတင်ရေးကို အာရုံစိုက်ထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အာတိတ်ဒေသ ရုရှားရဲ့ မြောက်ဘက် စစ်တိုင်းနဲ့ လေတပ်ဟာ နော်ဝေနိုင်ငံနဲ့ နယ်စပ်နားမှာ စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုအတွင်း စစ်သည် အင်အား ၂ သိန်း၊ လေယာဉ်နဲ့ ရဟတ်ယာဉ် အစီး ၈၀ နဲ့ တင့်ကား အစီး ၃၀၀ နီးပါး ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။

ဒီသီတင်းပတ်နှောင်းပိုင်းထဲမှာ လွှတ်တော်ရွေးကောက်ပွဲတွေ မကျင်းပမီ စစ်ရေးလေ့ကျင့်နေလို့ နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံကတော့  စိုးရိမ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။

တချို့ စစ်ရေးလေ့ကျင့်ကွင်းတွေက နေတိုးနယ်စပ်နဲ့ နီးကပ်နေလို့ ယူကရိန်းလို အိမ်နီးချင်း နိုင်ငံတွေအတွက် တပ်လှန့်သလို ဖြစ်ခဲ့ပါတယ်။

3 months Ago

January 8, 2020

ဆီးရီးယား ဘုရားကျောင်းများသို့ ရုရှားသမ္မတ ပူတင် သွားရောက်

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်ကို ရောက်နေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်နဲ့အတူ မာရီယာမိုက် ခရစ်ယာန်ဘုရားကျောင်းနဲ့ အူမေယဒ်ဗလီတို့ဆီကို ဇန်နဝါရီ ၇ ရက်က သွားရောက်လည်ပတ်ပါတယ်။ ဒါဟာ ဆီးရီးယား ပြည်တွင်းစစ်အတွင်း ရုရှားက ပါဝင်လာတည်းက ခုထိ ပူတင်အတွက် ဒုတိယမြောက် ဆီးရီးယား ခရီးစဉ်လည်း ဖြစ်ပါတယ်။ အာဆတ်ရဲ့ အဓိကမဟာမိတ် အီရန်က အမေရိကန်ကို လက်စားချေမယ်လို့ ပြောအပြီး ဒေသတွင်း တင်းမာမှုတိုးနေချိန်မှာ ပူတင် ရောက်လာတာလည်း ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းတလွှားက အီရန် စစ်ဆင်ရေးတွေရဲ့ သေနာပတိချုပ် အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီဟာ ဆီးရီးယား ပြည်တွင်းစစ်ထဲက အထင်ကရ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ဆူလေမာနီဟာ ဆီးရီးယားကနေ အီရတ်မြို့တော် ဘဂ္ဂဒက်လေဆိပ်ကို ရောက်ခါစမှာတင် အမေရိကန်ရဲ့ ဒရုန်းယာဉ်နဲ့ လုပ်ကြံတာကို ခံလိုက်ရတာပါ။ ရုရှားနဲ့ အီရန်တို့ရဲ့ ထောက်ပံ့မှုကြောင့် အာဆတ်ဟာ ၉ နှစ်နီးပါး ကြာနေတဲ့ ပြည်တွင်းစစ်အတွင်း သူပုန်တွေဆီက နယ်မြေအားလုံးနီးပါးကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း ငြိမ်းချမ်းတဲ့ဘဝကို ပြန်ဆောင်ကြဉ်းနိုင်လို့ ပူတင်ရဲ့ အထောက်အပံ့အတွက် ကျေးဇူးတင်တယ်လို့ အာဆတ်က ပြောခဲ့တဲ့အကြောင်း သမ္မတ နန်းတော်ကို ကိုးကားပြီး ရုရှားရဲ့ အင်တာဖှက်စ် သတင်းဌာနက ပြောပါတယ်။ ပူတင်ဟာ သူ့ခရီးစဉ်အတွင်း ဆီးရီးယားနိုင်ငံထဲက နေရာအတော်များများကို သွားရောက် လည်ပတ်မယ်လို့ အင်တာဖှက် သတင်းဌာနက ပြောခဲ့ပါတယ်။
2 years Ago
Up