ရုရှားသမိုင်းဆရာ

A d v e r t i s e m e n t With Us

December 26, 2020

ကျောင်းသူတစ်ဦးအား သတ်ဖြတ်မှုဖြင့် ရုရှားသမိုင်းဆရာကို ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်

ကျောင်းသူတစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှုနဲ့ ထင်ရှားတဲ့ ရုရှားသမိုင်းဆရာတစ်ဦးကို တရားရုံးက ဒီဇင်ဘာ ၂၅ ရက်မှာ  ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။   အသက် ၆၄ နှစ်အရွယ် အိုလစ်ဆိုကိုလော့ဗ်ဆိုသူ သမိုင်းပါမောက္ခဟောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက စိန့်ပီတာစဘတ်မြို့ မွိုင်ကာမြစ်ထဲမှာ အိတ်တစ်လုံးနဲ့ တွေ့ခဲ့ပါတယ်။  အဲဒီအိတ်ထဲမှာတော့ အသက် ၂၄ နှစ်အရွယ် ဘွဲ့လွန်ကျောင်းသူ အန်နာတက်ဆီးယေးယေရှင်ကိုရဲ့  အပိုင်းပိုင်းပြတ် လက်တွေကို ထည့်ထားပါတယ်။  ယေရှင်ကိုဟာ ဆိုကိုလော့ဗ်ရဲ့ သမီးရည်းစားကျောင်းသူ ဖြစ်ပါတယ်။ ဆိုကိုလော့ဗ်က လူသတ်မှုကို ဝန်ခံခဲ့ပေမယ့် လူသတ်မှုဟာ ကြိုတင်ကြံရွယ်တာ မဟုတ်ဘဲ နောက်အိမ်ထောင်နဲ့ ရတဲ့ သူ့ကလေးတွေနဲ့ပတ်သက်ပြီး ယေရှင်ကိုက စော်ကားပြောဆိုတာမို့ လုံးဝအသိတရား ကင်းလွတ်တဲ့ အခြေအနေကို ရောက်သွားတယ်လို့ တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။  တရားသူကြီးက ဆိုကိုလော့ဗ်ဟာ ယေရှင်ကိုကို ရိုင်ဖယ်သေနတ်နဲ့ ၄ ချက်ပစ်ခဲ့ပြီးနောက် သူ့ကို ဓား၊ လွှတို့နဲ့ အပိုင်းပိုင်းဖြတ်ပြိး မွိုင်ခါမြစ်ထဲ ပစ်ချခဲ့တယ်လို့ ပြောပါတယ်။ သမိုင်းဆရာ ဆိုကိုလော့ဗ်ဟာ နပိုလီယန်တိုက်ပွဲ ပြကွက်တွေ ပြန်သရုပ်ဖော်တင်ဆက်ရာမှာ ထင်ရှားတယ်လို့လည်း ရိုက်တာက တင်ပြထားပါတယ်။
2 months Ago
Up