နိုဝင်ဘာ ၃ ရက် အမေရိကန် ရွေးကောက်ပွဲရဲ့မဲရလဒ် အခုထိ သဲသဲကွဲကွဲ မရှိတာက ကမ္ဘာ့ စီးပွားရေးနဲ့တစ်ကမ္ဘာလုံးအပေါ် အကြမ်းဖျင်းအားဖြင့် ဆိုးကျိုးသက်ရောက်နိုင်တယ်လို့ ရုရှား အစိုးရက နိုဝင်ဘာ ၅ ရက်မှာ ပြောပါတယ်။
"ပုံမှန်အားဖြင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးမားဆုံး နိုင်ငံရဲ့ရွေးကောက်ပွဲ မဲရလဒ် သဲသဲ ကွဲကွဲ မရှိတာက အရင်ဆုံး ကမ္ဘာ့စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်ဖို့ အလားအလာ ရှိတယ်"လို့ ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့က ပြောပါတယ်။
"အရင်ဆုံးတော့ အဲဒီလိုအဖြေ သဲသဲကွဲကွဲ မရှိတဲ့ကာလ ဘယ်လောက်ကြာသလဲ။ သက်ရောက်မှု ဘယ်လောက် ပြင်းမလဲဆိုတာကို စောင့်ကြည့်ဖို့ လိုတယ်"လို့ သူက ဆိုပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမဲရလဒ်တွေကို ဆက်လက်ရေတွက်နေပြီး မြန်မာစံတော်ချိန် နိုဝင်ဘာ ၆ ရက်မနက် ၉ နာရီလောက်အထိ CNN သတင်းဖော်ပြချက်အရ သမ္မတလောင်း တစ်ယောက်စီ ရဖို့ လိုအပ်တဲ့ ရွေးကောက်မဲ ၂၇၀ မှာ ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒင်က ၂၅၃ မဲ ရထားပြီး လက်ရှိ သမ္မတ ထရမ့်ကတော့ ၂၁၃ မဲ ရရှိထားပါတယ်။ FOX News နဲ့ AP သတင်းနဲ့ မှာတော့ ဂျိုးဘိုင်ဒင်က ၂၆၄ မဲ ရထားပြီး ထရမ့်ကတော့ ၂၁၄ မဲ ရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
2 years Ago