ရုရှားဝန်ကြီးချုပ်

A d v e r t i s e m e n t With Us

September 4, 2020

ဘဲလာရုစ် အချုပ်အခြာအာဏာ တည့်တံ့ရေး ထောက်ခံဟု ရုရှားဝန်ကြီးချုပ် ပြော

ဘဲလာရုစ်သမ္မတ လူကာရှန်ကို အကြီးမားဆုံး နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေ ချိန်မှာပဲ စက်တင်ဘာ ၃ ရက်က ရုရှားဝန်ကြီးချုပ် မီခေးလ်မစ်ရှူတင်ဟာ ဘဲလားရုစ်နိုင်ငံကို လာ ရောက်ခဲ့ပါတယ်။     ဘဲလာရုစ်သမ္မတနဲ့ တွေ့ဆုံရာမှာ ရုရှားဝန်ကြီးချုပ်က ရုရှားအနေနဲ့ ဘဲလာရုစ်ရဲ့ အချုပ် အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို လုံး၀ထောက်ခံပါတယ်လို့ ပြောဆိုခဲ့ ပါတယ်။    ရုရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်အတွင်း   သမ္မတ လူကာရှန်ကိုကလည်း   ရုရှားအတိုက်အခံ ခေါင်းဆောင် နာဗန်ညီ အဆိပ်ခပ်ခံရတာ မဟုတ်ဘူးလို့ ညွန်းဆိုတဲ့ ပိုလန်အစိုးရနဲ့ ဂျာမန် အစိုးရ တို့အကြား ပြောဆိုမှုကို ဘဲလားရုစ်က ကြားဖြတ်ဖမ်းယူခဲ့တယ်လို့လည်း  ပြောဆိုခဲ့ပါတယ်။  နာဗန်ညီ အဆိပ်ခပ်ခံရတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေအနေနဲ့ အဆောတလျင် မဆုံးဖြတ်သင့်ဘဲ အဲဒီလို စွပ်စွဲရမယ့် အကြောင်းပြချက်လည်း မရှိဘူးလို့ ရုရှား အစိုးရက  စက်တင်ဘာ  ၃ ရက်မှာ ပြောဆိုခဲ့ပါတယ်။  
6 months Ago

May 1, 2020

ရုရှားဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ရုရှားဝန်ကြီးချုပ် မစ်ခေးလ် မီရှုစတင်ဟာ  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ တာဝန်ကနေ  ခေတ္တအနားယူမယ့်အကြောင်း သမ္မတ ပူတင်ကို ဧပြီ ၃၀ ရက်မှာ အသိပေးခဲ့တယ်လို့ သိရပါတယ်။ မီရှူစတင်ဟာ သူ့နေရာမှာ လက်ထောက်ဝန်ကြီးချုပ် အင်ဒရေ ဘယ်လိုဆော့ဖ်ကို ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်မယ်လို့ သမ္မတ ပူတင်ကို တင်ပြခဲ့ပြီး ပူတင်ကလည်း မီရှုစတင်ရဲ့ အဆိုပြုချက်ကို ထောက်ခံခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရှိနေပေမယ့်  သမ္မတ ပူတင်နဲ့   အစိုးရအဖွဲ့ဝင်တွေကို  ဖုန်း၊ ဗွီဒီယိုကွန်ဖရင့်တို့က တဆင့်  ဆက်သွယ်နေမယ်လို့ ဝန်ကြီးချုပ် မီရှုစတင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံဟာ မတ်လနှောင်းပိုင်းကစလို့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် အများပြည်သူဆိုင်ရာ နေရာတွေကို  ပိတ်ပစ်ခဲ့ပါတယ်။  ရုရှားနိုင်ငံမှာ မေ ၁ ရက်နေ့အထိ ကိုရိုတာကူးစက်ခံရသူ ၁ သိန်းကျော်နဲ့ သေဆုံးသူ ၁၀၇၃ ဦး ရှိတယ်လို့ သိရပါတယ်။ 
10 months Ago
Up