ရုရှားလေယာဥ◌်

August 16, 2019

ရုရှားခရီးသည်တင်လေယာဉ် ငှက်အုပ်ဖြင့် တိုက်မိပြီး အရေးပေါ်ဆင်းသက်၊ ၂၃ ဦး ဒဏ်ရာရ

Zawgyi Version ရုရှားခရီးသည်တင်လေယာဉ် ငှက်အုပ်ဖြင့် တိုက်မိပြီး အရေးပေါ်ဆင်းသက်၊ ၂၃ ဦး ဒဏ်ရာရ DVB လူ ၂၀၀ ကျော် လိုက်ပါလာတဲ့ ရုရှား ခရီးသည်လေယာဉ်တစင်းဟာ သြဂုတ် ၁၅ ရက်က ပျံတက်ပြီး မကြာမီ ငှက်အုပ်နဲ့ တိုက်မိပြီးနောက် မော်စကိုမြို့ ဆင်ခြေဖုံး ပြောင်းခင်းတခုထဲ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ ယူရယ်လေကြောင်းလိုင်း အဲဘတ်စ် ၃၂၁ ပေါ် လိုက်ပါလာသူ ၂၃ ယောက်သာ ဒဏ်ရာရပြီး သေဆုံးသူ မရှိပါဘူး။ လေယာဉ်ဟာ ဇူကော့စကီ နိုင်ငံတကာလေဆိပ်ကနေ ၁ ကီလိုမီတာကျော်အကွာ ရမ်းစ်ခရိုင်မှာ ဆင်းသက်ခဲ့တာပါ။ နိုင်ငံပိုင်ရုပ်သံက အဲဒီလို ဆင်းတာကို ရမ်းစ်ခရိုင်ပေါ် အံ့ဖွယ်ဆင်းသက်မှုဆိုပြီး ဖော်ပြပါတယ်။ Interfax သတင်းဌာနကတော့ လူတဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး ဖော်ပြပါတယ်။ လေယာဉ်ပိုင်းလော့ ဒီမာယူဆာပေါ့ဟာ အဆင်းဂီယာမပါဘဲ ယိုယွင်းနေတဲ့ အင်ဂျင်နဲ့ ပြောင်းခင်းထဲကို အောင်အောင်မြင်မြင်ဆင်းပြီး လူပေါင်း ၂၃၃ ယောက်ရဲ့ အသက်တွေကို ကယ်ခဲ့တဲ့ သူရဲကောင်းဆိုပြီး KP သတင်းဌာနက လေယာဉ်မှူးကို ချီးကျူးခဲ့ပါတယ်။
2 years Ago
Up