ရုရှားလယ်သမား

February 24, 2020

ရေခဲပြင်ထဲ ပိတ်မိနေသည့် မြင်း ၁၁ ကောင်ကို ရုရှားလယ်သမားများ ကယ်ဆယ် (ရုပ်သံ)

ရေခဲပြင်ထဲ ပိတ်မိနေတဲ့ မြင်း ၁၁ ကောင်ကို ရုရှားလယ်သမားတွေကယ်ဆယ်နိုင်ခဲ့ ရုရှားနိုင်ငံတောင်ပိုင်း ဘတ်ရှ်ကီရီယာဒေသမှာရှိတဲ့ ရေခဲနေတဲ့တွင်းထဲမှာ ပိတ်မိနေတဲ့ မြင်း ၁၁ ကောင်ကို ကယ်တင်ခဲ့တဲ့ ဗွီဒီဖိုင်တခုကို ရုရှားလယ်သမားတဦးက လူမှုကွန်ရက်ပေါ်တင်ခဲ့ပါတယ်။  ဒီဗွီဒီယိုဖိုင်မှာ လယ်သမားတွေက ပိတ်မိနေတဲ့မြင်းတွေကို တကောင်ချင်း ကြိုးနဲ့ဆွဲတင်နေခဲ့တာကိုလဲ တွေ့ရှိခဲ့ရပါတယ်။  ကယ်တင်နိုင်ခဲ့တဲ့ မြင်းအမ ၁၁ ကောင်လုံးဟာ ဘေးကင်းပြီး ဒဏ်ရာရရှိခဲ့တာ မရှိဘူးလို့ ဗွီဒီယိုဖိုင်တင်ခဲ့တဲ့ လယ်သမားကပြောပါတယ်။  ဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ အနီးအနားမှာ လူတွေရှိနေခဲ့ပြီး မြစ်ရဲ့မျက်နှာပြင်ပေါ်က ရေခဲတွေဟာ လူတွေဘေးကင်းစွာ ဖြတ်သန်းသွားလာဖို့ ထူထဲစွာရှိနေတဲ့အတွက် ကံကောင်းခဲ့တယ်လို့ လယ်သမားက ပြောပါတယ်။ ဆောင်းရာသီအတွင်း ပူနွေးမှုဖြစ်ပေါ်နေတောကြောင့် ရုရှားနိုင်ငံရှိ ရေခဲပြင်အများစုဟာ မတည်ငြိမ်တဲ့ အခြေအနေမှာရှိနေပြီး တံငါသည်တွေနဲ့ လယ်သမားတွေအပါအဝင် ရေခဲပြင်ပေါ်ကနေ ဖြတ်သန်းသွားလာရသူတွေ ဂရုပြုသင့်တယ်လို့ သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။
1 year Ago
Up