ရုရှားမြောက်ပိုင်း

A d v e r t i s e m e n t With Us

June 3, 2020

ရုရှားမြောက်ပိုင်းက  မော်မန့်စ်ဆိပ်ကမ်းနှင့်ဆက်သွယ်ထားသည့် ရထားလမ်းတံတား ပြိုကျ

ရုရှားနိုင်ငံမြောက်ပိုင်း မော်မန့်စ်ဆိပ်ကမ်းနဲ့ ကျန်ဒေသတွေကို ဆက်သွယ်ပေးတဲ့  တခုတည်းသော ရထားလမ်း တံတားဟာ ပြိုကျခဲ့လို့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေး ရပ်ဆိုင်းခဲ့တယ်လို့ ရထားလမ်းကုမ္ပဏီက ဇွန် ၂ ရက်မှာ ပြောပါတယ်။ နှင်းရည်ပျော်မြန်တာနဲ့ ရေစီးသန်တာကြောင့် ကိုလာမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားတဲ့ တံတားအုတ်မြစ်ဟာ မေ ၃၁ ရက်က မျောပါသွားခဲ့ပြီး ဇွန် ၁ ရက်မှာ တံတားပြိုကျခဲ့တယ်လို့  အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ရထားလမ်းတံတား ပြိုကျရာမှာ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။   အာဏာပိုင်တွေအနေနဲ့ တံတားသစ်တည်ဆောက်ရေးအစီအစဉ်ကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ဒေသအုပ်ချုပ်ရေးမှူးကို ကိုးကားပြီး TASS သတင်းဌာနက ဖော်ပြပါတယ်။ ရုရှားအစိုးရ စုံစမ်းရေးကော်မရှင်ကတော့ ဒီတံတားပြိုကျမှုမှာ ဘေးကင်းရေး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ သံသယရှိပြီး စုံစမ်းရေး  စတင်တယ်လို့ ပြောဆိုပါတယ်။  မော်မန့်စ် ပင်လယ်ဆိပ်ကမ်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကျောက်မီးသွေး တန်ချိန် ၁၇ ဒသမ ၆ သန်းကျော်ကို အတင်အချပြုလုပ်ပေးခဲ့ပါတယ်။ နိုင်ငံခြား တင်ပို့မယ့် ကျောက်မီးသွေးတွေကို ရတားလမ်းကနေတဆင့် ဆိပ်ကမ်းကို ပို့ဆောင်ပေးတာ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
9 months Ago
Up