ရုရှားပန်ကြား

September 11, 2020

နာဗန်ညီအဆိပ်ခတ်ခံရမှု ဂျာမနီသို့ စုံစမ်းရေးမှူးများ စေလွှတ်ခွင့်ပြုရန် ရုရှားပန်ကြား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗန်ညီ နိုဗီချော့ အဆိပ်ခတ်ခံရတယ်ဆိုပြီး သတင်းတွေ ထွက်နေတဲ့အပေါ်မှာ ဂျာမနီနိုင်ငံကို ရုရှားစုံစမ်းရေးတွေ စေလွှတ်ခွင့်ရဖို့ ရုရှား ပြည်ထဲရေးဌာနက စက်တင်ဘာလ ၁၁ ရက်မှာ ပန်ကြားလိုက်ပါတယ်။  နာဗန်ညီဟာ နိုဗီချော့အာရုံကြော ထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်ခံရတယ်ဆိုပြီး  ဂျာမန် အစိုးရက ပြောထားပါတယ်။     နာဗန်ညီအမှုနဲ့ ပတ်သက်လို့ ရုရှားပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ စုံစမ်းရေးမှူးတွေ စေလွှတ်ပြီး ဂျာမန်လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အလုပ်လုပ်လိုတယ်လို့ ဝန်ကြီးဌာနရဲ့ ပို့ဆောင်ရေးဌာန တာဝန်ရှိသူတဦးက ပြောခဲ့တာပါ။    နိုဗီချော့ အဆိပ်ခတ်ခံရတယ်ဆိုတာနဲ့ပတ်သက်လို့ ပိုမိုရှင်းရှင်းလင်းလင်း ပြောဖို့နဲ့ ထပ်တိုး မေးခွန်းတွေ မေးခွင့်ပြုဖို့လည်း ရုရှားပြည်ထဲရေးဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။  ဂျာမန်အစိုးရက နိုဗီချော့အဆိပ်တွေ့တာကို အတည်ပြုထားပြီး ရုရှားဆီကနေ ဖြေရှင်းချက် တောင်းထားတာမို့  ရုရှားပြည်ထဲရေးဌာန တောင်းဆိုချက်ဟာ အောင်မြင်ဖွယ် မရှိပါဘူး။   ဂျာမန်အစိုးရလို တခြားအနောက်ဥရောပနိုင်ငံတွေက ဖြေရှင်းချက် တောင်းဆိုထားပြီး ဂျာမန်နိုင်ငံရေးသမားတချို့ကလည်း ရုရှားကို ထပ်မံဒဏ်ခတ်အရေးယူဖို့ တောင်းဆိုထားပါတယ်။   
1 year Ago
Up