ရုရှားနှင့်အီရန်

October 22, 2020

ရွေးကောက်ပွဲကို နှောင့်ယှက်ရန် ရုရှားနှင့်အီရန် လုပ်ဆောင်ဟု အမေရိကန်ထောက်လှမ်းရေးစွပ်စွဲ 

ရုရှားနဲ့ အီရန် နှစ်နိုင်ငံစလုံးဟာ  ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲကို  နှောင့်ယှက်ဖို့ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်အမျိုးသားထောက်လှမ်းရေးညွှန်မှူးက အောက်တိုဘာ ၂၁ ရက်မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။  အမျိုးသားထောက်လှမ်းရေးညွှန်မှူး  ဂျွန်ရက်လစ်ဖ်က အီရန်နဲ့ ရုရှားတို့ဟာ  တချို့ သော မဲဆန္ဒရှင်စာရင်း သတင်းအချက်အလက်တွေကို    ရယူခဲ့တယ်လို့ အတည်ပြု ပြောဆိုခဲ့တာပါ။  မဲဆန္ဒရှင်တွေကို ခြောက်လှန့်ဖို့ ၊ လူမှုရေး မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်ဖို့နဲ့ သမ္မတ ထရမ့် သိက္ခာကျစေဖို့  ရည်ရွယ်တဲ့ လိပ်စာတု တပ်ထားတဲ့ မေးလ်တွေကို အီရန်က ပေးပို့ခဲ့တာကို တွေ့ရှိ ထားတယ်လို့  ရက်ကလစ်ဖ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ 
2 years Ago
Up