ရုရှားထုတ်

A d v e r t i s e m e n t With Us

December 30, 2020

အာဂျင်တီးနားတွင် ရုရှားထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး စထိုးနှံ

အာဂျင်တီးနားနိုင်ငံမှာ ဒီဇင်ဘာ ၂၉ ရက်ကစလို့  နိုင်ငံသားတွေကို  ရုရှားထုတ် စပွန်းနစ်-၅ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးနေတယ်လို့ အစိုးရက ပြောပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားဟာ  စပွန်းနစ်-၅ ကာကွယ်ဆေးလုံးရေ ၃၀၀,၀၀၀ကို အာဂျင်တီးနားဆီ ပို့ဆောင်ခဲ့ပါတယ်။  လက်တင်အမေရိကရဲ့ တတိယအကြီးဆုံး စီးပွားရေးဟာ  ကိုဗစ်-၁၉ ကြောင့် အထိနာနေပြီး  ပိုးကူးစက်သူ  ၁ ဒသမ ၆ သန်း နီးပါးနဲ့ သေဆုံးသူ ၄၂,၀၀၀ ကျော် ရှိပါတယ်။  ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကို  ကာကွယ်ဆေး အရင်ဆုံး ထိုးနှံပေးသွားမှာ ဖြစ်ပြီး အဲဒီနောက်မှ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ ဆရာ ဆရာမတွေ၊ သက်ကြီးရွယ်အိုတွေနဲ့  တခြား အန္တရာယ်ရှိ အုပ်စုတွေကို ထိုးနှံပေးသွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အာဂျင်တီးနားဟာ ရုရှားနဲ့ ဘယ်လာရုစ်ပြီးရင် စပွန်းနစ်-၅ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အတည်ပြုတဲ့ တတိယနိုင်ငံဖြစ်လာတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
2 months Ago

September 3, 2020

ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး လွှတ်တော်အမတ် စမ်းသပ်အထိုးခံ

ရုရှားကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အသက် ၇၄ နှစ်အရွယ် လွှတ်တော်အမတ် ဗလာဒီမာ ဇီရီ နော့စကီက စက်တင်ဘာ  ၁ ရက်မှာ လက်ခံထိုးနှံခဲ့ပါတယ်။    စပွန်းနစ် ၅ ဆိုတဲ့  ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လက်ခံထိုးနှံပြီးနောက် လွှတ်တော် အမတ်  ဇီရီနော့စကီက “ရုရှားကာကွယ်ဆေးဟာ ကမ္ဘာမှာ အကောင်းဆုံးဖြစ်တယ်။ တခြားသူတွေ ထက် အရင်ဦးအောင် ဖော်နိုင်ပြီး  ရုရှားနိုင်ငံသား အားလုံးဟာ  ကျန်းမာသင့်တယ်” လို့ ပြောဆိုခဲ့ပါတယ်။    လူသားစမ်းသပ်မှု ၂ လမကြာမီမှာပဲ ရုရှားအစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးကို စည်းမျဉ်းအရ ခွင့်ပြုခဲ့ပြီး အနောက်နိုင်ငံကျွမ်းကျင်သူ တချို့ကတော့ ကာကွယ်ဆေးရဲ့ ဘေးကင်းမှုနဲ့ အစွမ်းထက်မှုအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။    အခုဆိုရင် ရုရှားဟာ  ကိုဗစ်-၁၉ ကာကွယ်ဆေးအဆင့် ၃ စမ်းသပ်မှု စတင်နေပြီး  ဒီစမ်းသပ်မှုမှာ အရေအတွက် ပိုများစွာပါဝင်တဲ့ စေတနာ့ဝန်ထမ်းအုပ်စုကို ကာကွယ်ဆေး စမ်းသပ်ထိုးနှံပေးသွားမှာပါ။   နောက်ပြီးတော့ ရုရှားဟာ စက်တင်ဘာနှောင်းပိုင်းနဲ့အောက်တိုဘာအစောပိုင်းမှာ ဒုတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လက်ခံအတည်ပြုဖို့ ပြင်ဆင်နေတယ်လို့လည်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။  
6 months Ago
Up