ရုရှားဆိုက်ဘာတိုက်ခိုက်မှု

A d v e r t i s e m e n t With Us

December 23, 2020

ရုရှား ဆိုက်ဘာတိုက်ခိုက်မှုအား ဟန့်တားရန် သမ္မတထရမ့် ပျက်ကွက်ဟု ဂျိုးဘိုင်ဒင်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ ရုရှားက လုပ်တဲ့ လတ်တလော ဆိုင်ဘာ တိုက်ခိုက်မှုတွေကို ဟန့်တားဖို့ ပျက်ကွက်တယ်လို့ ရွေးကောက်ခံ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂၂ ရက်မှာ သတိပေးလိုက်ပါတယ်။ နှစ်ဆုံး သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်က ၂၀၂၁ နှစ်ဆန်းပိုင်းမှာ သာမန် အမေရိကန် နိုင်ငံသားတွေကို ချက်လက်မှတ်တွေပေးဖို့ အပါအဝင် စီးပွားရေး လှုံ့ဆော်မှုတွေ ထပ်လုပ်ဖို့ တွန်းအားပေးမယ်လို့လည်း ကတိပေးပါတယ်။ ဘိုင်ဒင်က “ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါရဲ့ အမှောင်ဆုံးရက်တွေကို ဖြတ်သန်းဖို့ ရှေ့မှာ ရင်ဆိုင်ရဦးမယ်။ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းက စီးပွားရေးအပေါ် ဆက်ပြီး သက်ရောက်မှာ ဖြစ်လို့ အကူအညီတွေ ပိုလိုအပ်မယ်။ အစိုးရက အများကြီး ပိုလုပ်ရလိမ့်မယ်”လို့ ပြောပါတယ်။ လက်ရှိ အစိုးရလက်ထက် အကြီးစား ဆိုက်ဘာတိုက်ခိုက်မှုအတွက် လက်ရှိအစိုးရကို ဘိုင်ဒင်က အပြစ်တင်ပြီး ဒီတိုက်ခိုက်မှုကို ထိန်းချုပ်လို့မရဘူးဆိုတဲ့ သက်သေမမြင်ရဘူးလို့ သူက အင်္ဂါနေ့မှာ ပြောပါတယ်။ လက်ရှိ အိမ်ဖြူတော်အရာရှိချုပ် ရွန်းကလိန်းကတော့ ဆိုင်ဘာဖောက်ထွင်းမှုအပေါ် ဘိုင်ဒင်ရဲ့ တုံ့ပြန်မှုဟာ ဒဏ်ခတ်မှုကိုကျော်ပြီး သွားလိမ့်မယ်လို့ ပြောပါတယ်။ အမေရိကန်အပေါ် ဆိုင်ဘာ တိုက်ခိုက်လာတဲ့ နိုင်ငံခြားလှုပ်ရှားသူတွေရဲ့ စွမ်းရည်ကို လျှော့ချဖို့ နည်းလမ်းတွေကို ဘိုင်ဒင်က မြေပုံထုတ် ရှာဖွေနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဘိုင်ဒင် အစိုးရက ရုရှား အစိုးရကို စွပ်စွဲထားတဲ့ အခန်းကဏ္ဍတွေအတွက် ဘဏ္ဍာရေး ပြစ်ဒဏ်တွေ အပါအဝင် ရုရှား အခြေခံအဆောက်အအုံတွေကို လက်တုံ့ပြန် ဖောက်ထွင်းဖို့ ရုရှားအစိုးကို အပြစ်ပေးဖို့လည်း ရွေးချယ်စရာတွေထဲမှာ ပါတယ်လို့ ရိုက်တာက ရေးပါတယ်။ ရုရှား အစိုးရကတော့ ဖောက်ထွင်းမှုမှာ ဘယ်လို ပါဝင်ပတ်သက်မှုမှ မရှိဘူးလို့ ငြင်းထားပါတယ်။
2 months Ago
Up