ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု မြင့်တက်လာတာကြောင့် ခရစ်ယာန် အော်သိုဒေါ့စ်ဘုရားကျောင်းက ဘုန်းကြီးတွေဟာ လေယာဉ်နဲ့ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။
ယာလိုဆလာဗယ်အော်သိုဒေါ့စ်ဘုရားကျောင်းက ဘုန်းကြီး ၃ ပါးဟာ ဘာသာရေး ဆိုင်ရာ ပစ္စည်းတွေကို ဆောင်ယူပြီး ယာလိုဆလာဗယ် သစ်တောဒေသ အထက် လေယာဉ်ပေါ်ကနေ ဝတ်ပြုဆုတောင်းခဲ့ပါတယ်။
အဲဒီဗွီဒီယိုကို ဧပြီလ ၂ ရက်မှာ ဘုရားကျောင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလ ၃ ရက်မှာတော့ ရုရှားနိုင်ငံက သြဇာကြီးမားတဲ့ အော်သိုဒေါ့စ်ခရစ်ယာန် ဘုရားကျောင်း ဂိုဏ်းအုပ်ဆရာတော် ခီရယ် ဦးဆောင်ပြီး လက်ရှိဖြစ်နေတဲ့ ကပ်ရောဂါ ပြီးဆုံး သွားစေဖို့ မြို့တော် မော်စကို လမ်းမတလျောက် လှည့်လည်ဆုတောင်းတာတွေ လုပ်ခဲ့ပါတယ်။
အရှေ့ဥရောပနိုင်ငံ ရုရှားဟာ အနောက်ဥရောပနိုင်ငံတွေနဲ့ နှိုင်းစာရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားတာ နည်းပါးပါတယ်။
လူဦးရေ ၁၄၄ သန်းခွဲ ရှိတဲ့ ရုရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄,၇၀၀ကျော်ရှိပြီး သေဆုံးသူ ၄၃ ယောက် ရှိတယ်လို့ မော်စကိုတိုင်းမ်သတင်းမှာဖော်ပြပါတယ်။
11 months Ago