ရုရှားကာကွယ်ရေးဝန်ကြီ

January 22, 2021

ရုရှားကာကွယ်ရေးဝန်ကြီးနှင့်  မြန်မာကာချုပ်တွေ့ဆုံဆွေးနွေး (ဓာတ်ပုံ)

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး  Sergey K.SHOIGU နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့  ဇန်နဝါရီ ၂၂ ရက် ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးကို မြန်မာကာကွယ်ရေးဦးစီးချုပ်က  ဒီကနေ့နက်ပိုင်း နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ပုံ- DSINFO
12 months Ago

September 5, 2020

ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု ခံယူခဲ့ဟု ရုရှားကာကွယ်ရေးဝန်ကြီးပြော

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံတာကို မကြာသေးခင်က ခံယူခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်းဂူက စက်တင်ဘာ ၄ ရက်မှာ ပြောပါတယ်။  ဆာဗီးယား၊ သီးခြားဓနသဟာယနိုင်ငံများ၊ စုပေါင်းလုံခြုံရေး သဘောတူစာချုပ်အဖွဲ့နဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ကို ရုရှား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သရုပ်ပြရာမှာ  ကာကွယ်ရေးဝန်ကြီးက ကိုယ်တိုင် ကာကွယ်ဆေးထိုးနှံတာကို ခံယူခဲ့တာပါ။ ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်းဂူ ပြောဆိုချက်အရ အဲဒီသရုပ်ပြပွဲကို တက်ရောက်တဲ့ ကာကွယ်ရေးအကြီးအကဲ အတော်များများဟာ ကာကွယ်ဆေးထိုးနှံခံဖို့ အသင့်ရှိကြတယ်လို့ သိရပါတယ်။ ရုရှားဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ မထုတ်ပြန်ခင်   လူအများအပြားပါဝင်တဲ့ စမ်းသပ်မှုကို မစတင်ခင်မှာပဲ  နှစ်ကြိမ်ထိုးရတဲ့  ကာကွယ်ဆေးထိုးနှံမှုကို   ပြည်တွင်းမှာ ထိုးနှံခွင့်ပြုဖို့  သြဂုတ်လက ခွင့်ပြုခဲ့ပြီး  အဲဒီလို ခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ တယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up