ရုရှားထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး စပွန်းနစ် - ၅ ပို့ကုန်တွေကို ဗင်နီဇွဲလားနိုင်ငံက ရရှိ တယ်လို့ ဒုသမ္မတ ဒယ်ဆီ-ရိုဒရီဂတ်ဇ်က အောက်တိုဘာ ၂ ရက်မှာ ပြောဆိုပါတယ်။
ဒါဟာ လက်တင်အမေရိကမှာ ပထမဆုံး ပို့ဆောင်တာဖြစ်ပြီး ကာကွယ်ဆေး လက်တွေ့ စမ်းသပ်ရာမှာ ဗင်နီဇွဲလားပြည်သူတွေကို ပါဝင်ခွင့်ပြုမယ်လို့ ဒုသမ္မတ ရိုဒရီဂတ်ဇ်က ရုပ်မြင်သံကြားထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။
ကာကွယ်ဆေးအရေအတွက် ဘယ်လောက်များများ ရောက်ရှိလဲဆိုတာကို ဒုသမ္မတက မပြောဆိုပေမယ့် ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုမှာ လူ ၂၀၀၀ လောက် ပါဝင်မယ်လို့ ကျန်းမာရေး ဝန်ကြီးက ပြောဆိုပါတယ်။
လာမယ့် ဗင်နီဇွဲလားလွှတ်တော်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ် ၁၅,၀၀၀ နီးပါး အနေနဲ့ ဘေးအန္တရာယ်ကင်းကင်း မဲဆွယ်နိုင်ဖို့ ရုရှားကာကွယ်ဆေးထိုးပေးဖို့ သမ္မတ နီကိုးလပ်စ်မာဒူရိုက စက်တင်ဘာမှာ အဆိုပြုခဲ့ပါတယ်။
သမ္မတ မာဒူရိုကို ရာထူးက ဖြုတ်ချဖို့ ရည်ရွယ်တဲ့ အမေရိကန်ရဲ့ပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကြားမှာ ဗင်နီဇွဲလားဟာ ရုရှားနဲ့ သံတမန်ဆက်ဆံရေး ပိုအားကောင်းလာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
2 years Ago