ရုပ်သံလိုင်း

A d v e r t i s e m e n t With Us

September 22, 2019

ရုပ်သံလိုင်း အလကားကြည့်ရ၍ ထောင်ထဲ ပြန်ဝင်ချင်သည့် ပြင်သစ် တရားခံ

ထောင်ထဲမှာ တီဗွီအလကားကြည့်ရလို့ ထောင်ထဲ ပြန်ဝင်ချင်တာပါဆိုတဲ့ ထူးထူးဆန်းဆန်း ရာဇဝတ်သားတဦးကို ပြင်သစ်နိုင်ငံက တရားရုံးတခုမှာ မကြာသေးခင်က မြင်တွေ့ခဲ့ရတယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ အမည်မဖော်ပြထားတဲ့ အသက် ၂၅ နှစ်အရွယ် ရာဇဝတ်သားဟာ ပြီးခဲ့တဲ့လအတွင်းက တူးလော့စ်မြို့မှာ လုယက်မှုတွေ၊ ဖောက်ထွင်းဝင်ရောက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။  ထူးခြားတာတခုက ဒီလို ကျူးလွန်ပြီးတိုင်း သူဟာ အခင်းဖြစ်ရာနေရာတွေမှာ သူနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို တမင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို ထားခဲ့ရတာဟာ ရဲတပ်ဖွဲ့က ဒီသဲလွန်စတွေကိုတွေ့ပြီး ဖမ်းဆီးနိုင်ဖို့ပဲ ဖြစ်ပါတယ်။  သူ့ကို ဖမ်းမိခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၂ ရက်နေ့ တရားရုံးတခုမှာ  ရုံးတင် စစ်ဆေးခဲ့ပါတယ်။ ဒီလို စစ်ဆေးနေစဉ်အတွင်း ဒီရာဇဝတ်ကောင်က သူဟာ ထောင်ကို ပြန်ဝင်ချင်တာကြောင့် ဒီလိုမျိုး သဲလွန်စတွေ ထားခဲ့တာလို့ ထွက်ဆိုပါတယ်။  ထောင်ထဲကို ဘာကြောင့် ပြန်ဝင်ချင်ရတာလဲ မေးမြန်းရာမှာတော့ ထောင်ထဲမှာဆိုရင် အပြင်မှာ ပိုက်ဆံပေးကြည့်ရတဲ့ Chanal+ ရုပ်သံလိုင်းကို အလကား ကြည့်ရတာကြောင့်လို့ ပြောကြောင်း ပြင်သစ်ထောင် အာဏာပိုင်တဦးက ပြောပါတယ်။  ဒီရုပ်သံလိုင်းဟာ အပြင်မှာဆိုရင် တလကို ၁၀ ယူရို ပေးချေရပါတယ်။ ဒါပေမဲ့ ဒီရုပ်သံလိုင်းကို ထောင်ထဲမှာဆိုရင် အလကားနီးနီး ကြည့်ရှုခွင့်ရတယ်လို့ ဆိုပါတယ်။ ပြင်သစ်က ထောင်တွေမှာ အကျဉ်းသားတွေက ရုပ်သံလိုင်းကို ဝယ်ကြည့်တာ၊ ဒါမှမဟုတ် ထောင်ထဲမှာ အလုပ်တခုခု လုပ်ပြီး အပြန်အလှန်အနေနဲ့ ထောင်အရာရှိတွေကို ရုပ်သံလိုင်း ဝယ်ပေးဖို့ တောင်းဆိုတာမျိုး ရှိတတ်ကြတယ်လို့ ပြောပါတယ်။  တချို့ ထောင်တွေမှာ ထောင်သားတွေက ရုပ်သံလိုင်းကို ထပ်ပြီး သက်တမ်းမတိုးတော့လို့ ရုပ်သံလိုင်းဘက်က ဖြတ်တောက်ပစ်တာမျိုး ရှိတတ်တယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။ အခုလိုမျိုး တီဗွီကြည့်ချင်လို့ ထောင်ထဲဝင်ချင်တဲ့ ၂၅ နှစ်သားဟာ အရင်ကလည်း ထောင်ကျခဲ့ဖူးသူ ဖြစ်ပြီး သူ့ထွက်ဆိုချက်က သူ့ရှေ့နေကိုတောင် အံ့အားသင့်သွားစေခဲ့ပါတယ်။  “ပုံမှန်ဆိုရင် လမ်းပေါ်မှာနေရတာထက် ထောင်ထဲမှာနေရတာက ပိုပြီးလုံခြုံတယ်လို့ ထင်တဲ့လူတွေ ရှိပါတယ်။ ဒါပေမဲ့ ကျနော့်အမှုသည်ကတော့ လူကြီးကြိုက် ပရိုဂရမ်တွေ ကြည့်ချင်လို့ ထောင်ထဲ ပြန်ဝင်ချင်တာတဲ့ဗျာ” လို့ တရားခံရှေ့နေဖြစ်သူက ဒေသတွင်း သတင်းတခုကို ပြောပါတယ်။  Ref:OC ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ႐ုပ္သံလိုင္း အလကားၾကည့္ရ၍ ေထာင္ထဲ ျပန္ဝင္ခ်င္သည့္ ျပင္သစ္ တရားခံ ေထာင္ထဲမွာ တီဗြီအလကားၾကည့္ရလို႔ ေထာင္ထဲ ျပန္ဝင္ခ်င္တာပါဆိုတဲ့ ထူးထူးဆန္းဆန္း ရာဇဝတ္သားတဦးကို ျပင္သစ္ႏိုင္ငံက တရား႐ုံးတခုမွာ မၾကာေသးခင္က ျမင္ေတြ႕ခဲ့ရတယ္လို႔ စက္တင္ဘာ ၁၆ ရက္ေန႔ OC သတင္းမွာ ေဖာ္ျပပါတယ္။ အမည္မေဖာ္ျပထားတဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ ရာဇဝတ္သားဟာ ၿပီးခဲ့တဲ့လအတြင္းက တူးေလာ့စ္ၿမိဳ႕မွာ လုယက္မႈေတြ၊ ေဖာက္ထြင္းဝင္ေရာက္မႈေတြကို က်ဴးလြန္ခဲ့ပါတယ္။ ထူးျခားတာတခုက ဒီလို က်ဴးလြန္ၿပီးတိုင္း သူဟာ အခင္းျဖစ္ရာေနရာေတြမွာ သူနဲ႔ ပတ္သက္တဲ့ သဲလြန္စေတြကို တမင္ထားခဲ့တာပဲ ျဖစ္ပါတယ္။ ဒီလို ထားခဲ့ရတာဟာ ရဲတပ္ဖြဲ႕က ဒီသဲလြန္စေတြကိုေတြ႕ၿပီး ဖမ္းဆီးႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။ သူ႔ကို ဖမ္းမိခဲ့ၿပီးတဲ့ေနာက္ စက္တင္ဘာ ၂ ရက္ေန႔ တရား႐ုံးတခုမွာ  ႐ုံးတင္ စစ္ေဆးခဲ့ပါတယ္။ ဒီလို စစ္ေဆးေနစဥ္အတြင္း ဒီရာဇဝတ္ေကာင္က သူဟာ ေထာင္ကို ျပန္ဝင္ခ်င္တာေၾကာင့္ ဒီလိုမ်ိဳး သဲလြန္စေတြ ထားခဲ့တာလို႔ ထြက္ဆိုပါတယ္။ ေထာင္ထဲကို ဘာေၾကာင့္ ျပန္ဝင္ခ်င္ရတာလဲ ေမးျမန္းရာမွာေတာ့ ေထာင္ထဲမွာဆိုရင္ အျပင္မွာ ပိုက္ဆံေပးၾကည့္ရတဲ့ Chanal+ ႐ုပ္သံလိုင္းကို အလကား ၾကည့္ရတာေၾကာင့္လို႔ ေျပာေၾကာင္း ျပင္သစ္ေထာင္ အာဏာပိုင္တဦးက ေျပာပါတယ္။ ဒီ႐ုပ္သံလိုင္းဟာ အျပင္မွာဆိုရင္ တလကို ၁၀ ယူ႐ို ေပးေခ်ရပါတယ္။ ဒါေပမဲ့ ဒီ႐ုပ္သံလိုင္းကို ေထာင္ထဲမွာဆိုရင္ အလကားနီးနီး ၾကည့္ရႈခြင့္ရတယ္လို႔ ဆိုပါတယ္။ ျပင္သစ္က ေထာင္ေတြမွာ အက်ဥ္းသားေတြက ႐ုပ္သံလိုင္းကို ဝယ္ၾကည့္တာ၊ ဒါမွမဟုတ္ ေထာင္ထဲမွာ အလုပ္တခုခု လုပ္ၿပီး အျပန္အလွန္အေနနဲ႔ ေထာင္အရာရွိေတြကို ႐ုပ္သံလိုင္း ဝယ္ေပးဖို႔ ေတာင္းဆိုတာမ်ိဳး ရွိတတ္ၾကတယ္လို႔ ေျပာပါတယ္။ တခ်ိဳ႕ ေထာင္ေတြမွာ ေထာင္သားေတြက ႐ုပ္သံလိုင္းကို ထပ္ၿပီး သက္တမ္းမတိုးေတာ့လို႔ ႐ုပ္သံလိုင္းဘက္က ျဖတ္ေတာက္ပစ္တာမ်ိဳး ရွိတတ္တယ္လို႔ သူက ဆက္လက္ေျပာဆိုပါတယ္။ အခုလိုမ်ိဳး တီဗြီၾကည့္ခ်င္လို႔ ေထာင္ထဲဝင္ခ်င္တဲ့ ၂၅ ႏွစ္သားဟာ အရင္ကလည္း ေထာင္က်ခဲ့ဖူးသူ ျဖစ္ၿပီး သူ႔ထြက္ဆိုခ်က္က သူ႔ေရွ႕ေနကိုေတာင္ အံ့အားသင့္သြားေစခဲ့ပါတယ္။ “ပုံမွန္ဆိုရင္ လမ္းေပၚမွာေနရတာထက္ ေထာင္ထဲမွာေနရတာက ပိုၿပီးလုံၿခဳံတယ္လို႔ ထင္တဲ့လူေတြ ရွိပါတယ္။ ဒါေပမဲ့ က်ေနာ့္အမႈသည္ကေတာ့ လူႀကီးႀကိဳက္ ပ႐ိုဂရမ္ေတြ ၾကည့္ခ်င္လို႔ ေထာင္ထဲ ျပန္ဝင္ခ်င္တာတဲ့ဗ်ာ” လို႔ တရားခံေရွ႕ေနျဖစ္သူက ေဒသတြင္း သတင္းတခုကို ေျပာပါတယ္။ Ref:OC
1 year Ago
Up