အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ရင်ဆိုင်ဖို့ ဧပြီ ၁၄ ရက်မှာ အထူးအစည်းအဝေးကို video conference ကနေ ကျင်းပပါတယ်။
ဒါဟာ အာဆီယံအဖွဲ့ရဲ့ ၅၃ နှစ်သမိုင်းမှာ လူကိုယ်တိုင် အစည်းအဝေး မတက်နိုင်ဘဲ အွန်လိုင်းကနေ ရုပ်သံညီလာခံ ကျင်းပရတဲ့ ပထမဆုံးညီလာခံ ဖြစ်လာပါတယ်။
ဗီယက်နမ် ဝန်ကြီးချုပ်က မြို့တော်ဟနွိုင်းကနေ ညီလာခံ သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။ တခြားခေါင်းဆောင်တွေကလည်း သူတို့နိုင်ငံတွေကနေ အသီးသီး ပါဝင် ဆွေးနွေးကြပါတယ်။
ဗိုင်းရပ်စ်ကို ကာကွယ်ရေး အသင့်အနေအထားကို မလျှော့ချကြဖို့ အစည်းအဝေး အစမှာ ဗီယက်နမ် ဝန်ကြီးချုပ်က အာဆီယံ ခေါင်းဆောင်တွေကို သတိပေးပါတယ်။
အာဆီယံနဲ့ မိတ်ဖက် ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့ အစည်းအဝေးကို မွန်းလွဲပိုင်းမှာ ဆက်ပြီးကျင်းပမယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။
11 months Ago