ရုပ်သံဌာနဝန်ထမ်း  ၂ ဦး

A d v e r t i s e m e n t With Us

May 31, 2020

ကဘူးလ်တွင် ရုပ်သံဌာနဝန်ထမ်း  ၂ ဦးပါယာဉ် ဗုံးခွဲခံရ

အာဖဂန်နစ္စတန်နိုင်ငံရဲ့မြို့တော် ကဘူးလ်မှာ ခါရှစ်ဒ်ရုပ်သံဌာနက ဝန်ထမ်း ၂ ဦး ပါလာတဲ့ ပုဂ္ဂလိက ဘတ်စ်ကား မေလ ၃၀ ရက်က ဗုံးခွဲခံရတယ်လို့ ခါရှစ်ဒ်ရုပ်သံရဲ့ အမှုဆောင် အရာရှိချုပ်က ပြောပါတယ်။ လူအသွားအလာများချိန် လမ်းဘေးမှာ ထောင်ထားတဲ့ ဗုံးက ပေါက်ကွဲခဲ့လို့ သတင်းထောက်  ခြောက်ယောက်ထက်မနည်း ဒဏ်ရာရပါတယ်။  ခါရှစ်ဒ်ရုပ်သံဌာန ဝန်ထမ်းတွေ စီးတဲ့ ဘတ်စ်ကားမှာ သံလိုက်တွေနဲ့ တွဲကပ်ထားတဲ့ ဗုံးက ညနေ ရုံးဆင်းချိန် လူစည်ကားချိန်မှာ ပေါက်ကွဲခဲ့တာလို့ ကနဦး သက်သေတွေက ပြဆိုထားပါတယ်။  ဒီတိုက်ခိုက်မှုအတွက် ဘယ်စစ်သွေးကြွ အုပ်စုကမှ တာဝန်မခံသေးပါဘူး။  မနှစ်ကလည်း အလားတူ တိုက်ခိုက်မှုအတွင်း ဒီရုပ်သံက ဝန်ထမ်း ၂ ဦး အသတ်ခံရပြီး နောက် ၂ ယောက် ဒဏ်ရာရပါတယ်။ တာလီဘန်တွေနဲ့တခြား အစ္စလာမ္မစ် သူပုန်တွေဟာ အာဖဂန်သတင်းထောက်တွေကို ထပ်ခါတလဲလဲ ပစ်မှတ်ထားခဲ့လို့ ၂၀၁၈ ခုနှစ်အတွင်း သတင်းထောက် ၁၅ ယောက် သေဆုံးခဲ့တဲ့ အတွက် မီဒီယာများကြား လူသေအများဆုံးနှစ် ဖြစ်တယ်လို့ မီဒီယာလွတ်လပ်ခွင့်အုပ်စု နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောပါတယ်။ မနှစ်ကတော့ တာလီဘန်တွေက အာဖဂန်မီဒီယာတွေကို တာလီဘန် ဆန့်ကျင်ရေး ကြေညာချက်တွေ ထုတ်လွှင့်နေတာ ရပ်ဖို့ သတိပေးခဲ့ပါတယ်။
9 months Ago
Up