နေအိမ်အသွားအလာကန့်သတ်ခံနေရတဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေက "Tiger King" လို ရုပ်သံစီးရီးတွေကို အားပေးကြတာမို့ Netflix ရုပ်သံကြည့် ပရိသတ်သစ်တွေဟာ ခန့်မှန်းတာ ထက် နှစ်ဆ ကျော်များလာတယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။
ဒါပေမဲ့ အိမ်မှာ နေရမယ်ဆိုတဲ့ အမိန့်တွေကို ရုပ်သိမ်းလိုက်ရင် နှစ်လယ်နောက်ပိုင်းမှာ ပရိသတ်အရေအတွက် ကျဆင်းနိုင်တယ်ဆိုပြီလည်း ကုမ္ပဏီက ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လအထိ Netflix ဟာ အခပေး ရုပ်သံကြည့် ပရိသတ် ၁၅ ဒသမ ၈ သန်း ရရှိထားပြီး တကမ္ဘာလုံးအနေနဲ့ စုစုပေါင်း ရုပ်သံကြည့် ပရိသတ် ၁၈၂ ဒသမ ၉ သန်း ရရှိထားပါတယ်။
အဲဒီကာလအတွင်းမှာပဲ နောက်ထပ် ရုပ်သံကြည့် ပရိသတ် ၇ သန်း ထပ်မံရမယ်လို့လည်း Netflix က ကြိုတင်ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ ဇူလိုင်ကနေ ဒီဇင်ဘာကာလမှာတော့ Netflix ရုပ်သံကြည့် ပရိသတ်သစ် နည်းသွားမယ် မျှော်လင့်ထားတယ်လို့ ကုမ္ပဏီစီအီးအို ရီဒ်ဟေစတင်က သတိပေးခဲ့ပါတယ်။
10 months Ago