ရုပ်ရှင်ရုံများ

A d v e r t i s e m e n t With Us

November 19, 2020

စူပါဟီးရိုးရုပ်ရှင် Wonder Woman 1984 ကို HBO Max နှင့် ရုပ်ရှင်ရုံများတွင် ပြသမည်(ရုပ်သံ)

ရုံတင်ရက်အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတဲ့ နာမည်ကြီး စူပါဟီးရိုးရုပ်ရှင် Wonder Woman 1984 ကို အမေရိကန်နိုင်ငံမှာ လာမယ့် ခရစ္စမတ်ကာလက စတင်ပြီးတော့ ဒီဂျစ် တယ်ပလက်ဖောင်း HBO Max နဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသမီး ဂယ်ဂဒေါ့ ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီ ရုပ်ရှင်ကားကိုတော့ Warner Bros. Pictures က ဖြန့်ချိမှာဖြစ်ပြီး အမေရိကန်အမျိုးသမီး ရုပ်ရှင် ဒါရိုက်တာ Patty Jenkins က ရိုက်ကူးပုံဖော်ပေးထားတာပါ။ အမျိုးသမီးစူပါဟီးရိုးဇာတ်ကောင် Wonder Woman ဟာ DC Comics ဇာတ် ကောင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman Vs. Superman: Dawn of Justice ရုပ်ရှင်မှာ ပွဲဦးထွက် စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ Wonder Woman အမည်နဲ့ ရုပ်ရှင်ထွက်ရှိလာခဲ့ပြီး တနှစ်တည်းမှာပဲ ထွက်ရှိခဲ့တဲ့ Justice League မှာလည်း Batman၊ Superman၊  Aquaman၊ Falsh၊ Cyborg တို့လို DC နာမည်ကြီးဇာတ်ကောင်တွေနဲ့ Wonder Woman က တစုတစည်းတည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ခုကားကတော့ ၂၀၁၇ ရုပ်ရှင် Wonder Woman ရဲ့ နောက်ဆက်တွဲ Sequel ရုပ်ရှင်အနေနဲ့ အချိန် ၃ နှစ်အကြာမှာ ထွက်ရှိလာပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မင်းသမီး ဂယ်ဂဒေါ့နဲ့အတူ တခြား ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Chris Pine ၊ Kristen Wiig ၊ Pedro Pascal ၊ Robin Wright နဲ့ Connie Nielsen စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာပါ။ Wonder Woman 1984 ရုပ်ရှင်ကားထဲမှာ Diana Prince တဖြစ်လည်း Wonder Woman က ၁၉၈၀ ပြည့်လွန် စစ်အေးခေတ်ကာလအတွင်း ဆိုဗီယက်ယူနီယံနဲ့ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေထဲ ပါဝင်ဖြစ်ခဲ့တာတွေကို ဘယ်လို အမိုက်စား၊ အလန်းစား ဇာတ်လမ်း ဇာတ်ကွက်တွေ၊ အထူးပြုချက်တွေနဲ့ ရိုက်ကူးထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ စောင့်မျှော် ကြည့်ရှုကြရမှာပါ။ ဘတ်ဂျက် အမေရိကန်ဒေါ်လာသန်း ၂၀၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကို အစပိုင်းတုန်းက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်မှာ ပြသသွားဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရုံတင်ရက်တွေ ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ကမ္ဘာတလွှား ရုပ်ရှင်ရုံတွေကို ပိတ်ထားခဲ့ရတာမို့  နှစ်လယ်ပိုင်းလောက်မှာ ပြသမယ့်အစီအစဉ်ကို ထပ် မံရွှေ့ဆိုင်းခဲ့ရပြီး လာမယ့် ဒီဇင်ဘာလ ၂၅ ရက်၊ ခရစ္စမတ်နေ့မှာ ရုံတင်ပြသသွားဖို့ ကြေ ညာထားပါတယ်။ အဲဒီနေ့မှာပဲ တပြိုင်နက်တည်း အမေရိကန်နိုင်ငံမှာ ရုပ်ရှင်ရုံတွေနဲ့အတူ HBO Max မှာလည်း ကြည့်ရှုနိုင်မှာဖြစ်ကာ HBO Max မရရှိနိုင်တဲ့ နိုင်ငံတွေမှာတော့ အချိန်သီ တင်းပတ်တပတ်စောပြီး ဒီဇင်ဘာ ၁၆ ရက်မှာ ရုံတင်ပြသသွားမယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရုပ်ရှင်ရုံတွေကို သွားရောက်မကြည့်ရှုနိုင်တဲ့ ပရိသတ် တွေအနေနဲ့ HBo Max မှာ Subscribe လုပ်ထားတဲ့ အမေရိကန်နိုင်ငံက အသုံးပြုသူတွေအတွက် အခကြေးငွေ ထပ်မံပေးဆောင်ဖို့မလိုဘဲ ၁ လ ကြည့်ရှုခွင့် ပေးထားမယ်လို့လည်း သိရပါတယ်။
2 months Ago

March 16, 2020

နိုင်ငံတဝန်း ရုပ်ရှင်ရုံများ ယာယီပိတ်သိမ်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တဲ့အနေနဲ့ မြန်မာနိုင်ငံတဝန်းက ရုပ်ရှင်ရုံတွေကို မတ် ၁၆ ရက်က စတင်ပြီး ဧပြီ ၃၀ ရက်နေ့အထိ ယာယီ ပိတ်သိမ်းထားလိုက်တယ်လို့ ချောက်မြို့ တော်ဝင်နန်း အဆင့်မြင့်ရုပ်ရှင်ရုံ မန်နေဂျာ ဦးဝင်းဇော်က ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကနေ ညွှန်ကြားလာတာကြောင့် ရုပ်ရှင်ရုံတွေကို ဒီနေ့ကစပြီး ခဏပိတ်လိုက်တယ်လို့ ရုပ်ရှင်ရုံအုပ်စုတွေက ကြေညာလိုက်ပါတယ်။ တနိုင်ငံလုံးမှာ ရုပ်ရှင်ရုံပေါင်း ၃၀ ကျော်ရှိတဲ့ မင်္ဂလာရုပ်ရှင်ရုံအုပ်စုကတော့  ပြန်ဖွင့်မယ့်ရက်ကို ကြေညာပေးမယ်လို့ ဆိုပါတယ်။ JCGV ရုပ်ရှင်ရုံတွေအနေနဲ့လည်း "နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ မော်လမြိုင်မြို့တို့ရှိ JCGV Cinema တွေမှာ ရုပ်ရှင်ပြသမှုဝန်ဆောင်မှုတွေကို မတ်လ ၁၆ ရက်နေ့ကစတင်ပြီး ခေတ္တရပ်ဆိုင်းသွားမည် ဖြစ်ပါကြောင်း" ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါအဖြစ်ကြေညာပြီးနောက်မှာ မြန်မာအစိုးရကလည်း လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို လာမယ့် ဧပြီလကုန်အထိ မလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒီနေ့မွန်းလွဲပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၉၆၁၀ ဦးနဲ့ သေဆုံးသူ ၆၅၁၈ ဦး ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ကူးစက်ခံရသူ မရှိသေးပါဘူး။  
11 months Ago
Up