ရုပ်ရှင်ရုံနှင့် အားကစားရုံ

March 21, 2020

ဗြိတိန်တနိုင်ငံလုံးက စားသောက်ဆိုင်၊ ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် အားကစားရုံများ ပိတ်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ယူကေတနိုင်ငံလုံးက စားသောက်ဆိုင်တွေ၊ ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံတွေနဲ့ အားကစားလေ့ကျင့်ရုံတွေကို အားလုံးကို ပိတ်ခိုင်းလိုက်ပြီလို့ မတ် ၂၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။  ဝန်ကြီးချုပ်က ဒီလိုပိတ်ပင်ရခြင်းဟာ ဗြိတိန်နိုင်ငံသားတွေရဲ့မွေးရာပါ လွတ်လပ်ခွင့်ကို လုယူသလိုဖြစ်ရပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးဖို့ မရှိမဖြစ်လိုအပ်ပါတယ်လို့ တိုင်းပြည်ကို ပြောကြားပါတယ်။  ယူနိုက်တက်ကင်းဒမ်း-ယူကေခေါ် အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ်နဲ့ မြောက်အိုင်ယာလန်တို့ပါဝင်တဲ့ ဒီနိုင်ငံနယ်နိမိတ်အတွင်း လူပေါင်း ၆၆,၉၇၆ ဦးကို စမ်းသပ်စစ်ဆေးရာမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၃,၉၈၃ ဦးရှိနေပြီး အဲ့ဒီထဲက ၁၇၇ ဦး သေဆုံးခဲ့ပြီး ပြန်သက်သာကောင်းမွန်လာသူ ၆၅ ဦးရှိတယ်လို့ သိရပါတယ်။ ယူကေအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် အလုပ်မလုပ်နိုင်တဲ့ ဝန်ထမ်းတွေရဲ့လစာ ၈၀ ရာခိုင်နှုန်းကို ထုတ်ပေးမယ့် ထောက်ပံ့ရေးအစီအစဉ်တရပ်ကိုလည်း မတ် ၂၀ ရက်နေ့က ကြေညာထားတယ်လို့ သိရပါတယ်။
2 years Ago
Up