ရုပ်ရှင်ပညာအွန်လိုင်းသင်တန်း

September 22, 2020

ဆွေဇင်ထိုက်၊ လွင်မိုးတို့ သင်ကြားမည့် ရုပ်ရှင်ပညာအွန်လိုင်းသင်တန်းဖွင့်မည် 

       ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ဆွေဇင်ထိုက်၊ လွင်မိုးနဲ့ ပြည်တွင်းပြည်ပ ပညာရှင်တွေ သင်ကြားကြမယ့် ရုပ်ရှင်အနုပညာဖန်တီးမှုသင်တန်းတခုကို အွန်လိုင်းကနေ ဖွင့် လှစ်သင်ကြားသွားဖို့ ရှိနေပါတယ်။        The Art of Storytelling လို့ အမည်ပေးထားတဲ့ ဒီသင်တန်းကိုတော့ ရုပ်ရှင်အနုပ ညာဖန်တီးမှုတွေကို စိတ်ဝင်စားတဲ့ သူတိုင်း အသက်အရွယ်၊ ပညာအရည်အချင်းအကန့် အသတ်မရှိပဲ တက်ရောက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။        သင်တန်းမှာတော့   Filmmaking နဲ့ ပတ်သက်တဲ့ ပညာရပ်တွေဖြစ်တဲ့ Directing, Producing, Screenwriting, Acting, Cinematography, Storyboard တို့အပြင် ဆင် ဆာမူဝါဒတို့အပေါ် အခြေခံတဲ့ သင်ခန်းစာ ၁၃ ခုကို သင်ကြားပေးမှာဖြစ်ကာ အကယ်ဒမီ ဆွေဇင်ထိုက်၊ ထပ်ဆင့်အကယ်ဒမီ လွင်မိုး၊ Mr.Park Bo Young(Film Critic, Korea) ၊ ဒါရိုက်တာမောင်သီတို့ အပါအဝင် Instructors (၁၁)ယောက်နဲ့ ပြည်တွင်းပြည်ပပညာရှင် guest speakers တွေကပါသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။        အောက်တိုဘာ ၁၀ ရက်နေ့မှာ စတင်မယ့် ဒီသင်တန်းကိုတော့ Facebook မှာ Private Group နဲ့ Live Streaming သင်ကြားပေးသွားမှာဖြစ်ကာ သင်တန်းကြေး ကျပ် ၃၅,၀၀၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။        တက်ရောက်လိုသူတွေအနေနဲ့သင်တန်းအကြောင်းအသေးစိတ်ကိုတော့ Filmpark Pictures အမည်နဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ကြည့်ရှုနိုင်သလို ဖုန်းနံပါတ် ၀၉- ၇၆ ၅၄ ၂၉ ၂၇၀ ၊ ၀၉- ၇၆ ၅၄ ၂၉ ၂၇၁ တွေကို ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။
8 months Ago
Up