ရုပ်ရှင်ပညာရှင်များ

June 27, 2020

ရုပ်ရှင်ပညာရှင်များကို စားသောက်ကုန်များ တပ်မတော် လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုတွေက ရုပ်ရှင်ပညာရှင်တွေအတွက် ဆန် ဆီရိက္ခာတွေနဲ့ COVID-19  ရောဂါ ကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းတွေ မနေ့က ပေးအပ်လှူဒါန်းခဲ့ပါတယ်။ COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး အသွားအလာကန့်သတ်ချက်တွေရှိတာကြောင့် ရုပ်ရှင်အနုပညာရှင်တွေ စားသောက်ရေး အဆင်ပြေစေဖို့အတွက် ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ ဒါတွေကို မနေ့က ရန်ကုန်၊ ဒဂုံမြို့နယ်က တပ်မတော်ခန်းမမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတို့ဆီ ပေးအပ်ခဲ့တာပါ။ ရုပ်ရှင်ပညာရှင်တယောက်စီကို ဆန် ၆ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို Surgical Mask  အခု ၁၅၀၀ နဲ့ ရေမလိုလက်သန့် ဆေးရည် ၁၀ ဘူး ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
11 months Ago
Up