ရုပ်ရှင်ကား ၃ ကား အခမဲ့ ကြည့်ရှုနိုင်

September 4, 2020

အွန်လိုင်းကိုရီးယားရုပ်ရှင်ပွဲတော် ၄ ရက်ကြာ ကျင်းပ၊ ရုပ်ရှင်ကား ၃ ကား အခမဲ့ ကြည့်ရှုနိုင်

       လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကြောင့် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေ၊ ရုပ်ရှင်ရုံတွေ ပိတ်ထားခဲ့ရတာမို့ အခုနှစ်ရဲ့ ကိုရီးယားရုပ်ရှင်ပွဲတော်ကိုတော့ အွန်လိုင်းကနေတဆင့် ကျင်းပနေပါတယ်။        ဒီပွဲတော်ကိုတော့ ၄၅ နှစ်မြောက် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ကျင်းပတာ ဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့ကစတင်ကာ ၆ ရက်နေ့အထိ ၄ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။        မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးက စီစဉ်တဲ့ ဒီပွဲတော်မှာတော့ နာမည်ကျော် ကိုရီးယား ရုပ်ရှင်ကား ၃ ကားကို ပရိသတ်တွေက Cookie အပလီကေးရှင်းကတဆင့် အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ပွဲတော်မှာ ပြသသွားမယ့် ရုပ်ရှင်ကား ၃ ကားကတော့ အော်စကာဆုအပါအဝင် ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီးရရှိထားတဲ့ Parasite ရုပ်ရှင်အပါအဝင် အကြမ်းဖက်သမားနဲ့ အင်တာဗျူးအပြီးမှာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့ သတင်းသမားတဦးရဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်း-The Terror Live၊ နှစ်ဦးသား ပြန်လည်ဆုံတွေ့ မှုမှသည် ၁၉၉၀ ပြည့်နှစ်များဆီ ပြန်လည်ခေါ်ဆောင်သွားမယ့် အချစ်ဒရာမာရုပ်ရှင်-Architecture 101 စတဲ့ ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။
1 year Ago
Up