ချီလီအာဏာရှင် ပီနိုချေးလက်ထက်မှာ သေဆုံးခဲ့သူတွေအတွက်လုပ်တဲ့ စက်တင်ဘာ ၁၁ ရက် အထိမ်းအမှတ်အခမ်းအနားမှာ ရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ပါတယ်။
၁၉၇၃ စက်တင်ဘာ ၁၁ ရက်မှာ ဆာဗေဒို အာလန်ဒဲ အစိုးရပြုတ်ကျပြီး သြဂတ်စတိုပီနိုချေး အာဏာရလာခဲ့ပါတယ်။
ပီနိုချေးဟာ ချီလီကို ၁၉၇၃ ကနေ ၁၉၉၀ အထိ ၁၇ နှစ်ကြာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့ပါတယ်။
အာဏာရှင် ပီနိုချေးလက်ထက်မှာ လူပေါင်း ၃၀၀၀ ကျော် သေဆုံး ပျောက်ဆုံးခဲ့ပြီး ၂၈၀၀၀ ခန့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပါတယ်။
ဒါကြောင့် ပီနိုချေးလက်ထက်က သေဆုံးညှဉ်းပန်းနှိပ်စက်ခံရသူတွေရဲ့ မိသားစုဝင်တွေ အပါအဝင် ထောင်ချီတဲ့လူတွေဟာ စက်တင်ဘာ ၁၁ ရက်က အထိမ်းအမှတ်ပွဲမှာ ပါဝင်ပြီး မြို့တော် ဆန်တီယေဂိုမှာ ချီတက်ခဲ့ကြပါတယ်။
အဲဒီလို ချီတက်ရာကနေ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပြီး ရဲတွေက ဆန္ဒပြသူတွေကို ရေအမြောက်သုံး လူစုခွဲခဲ့သလို ဆန္ဒပြသူတွေကလည်း ရဲတပ်ဖွဲ့ဝင်တွေကို ခဲတွေနဲ့ပစ်ပေါက်ခဲ့ ပါတယ်။
7 months Ago