ရုန်းရင်းဆန်ခတ်ဖြစ်

November 27, 2020

မာရာဒိုနာကို လာနှုတ်ဆက်သည့် ပရိသတ်အချို့နှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

မာရာဒိုနာရဲ့ ရုပ်ကလာပ်ကို နူတ်ဆက်ဖို့ လာရောက်တဲ့ ပရိသတ်တချို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။  နိုဝင်ဘာ ၂၅ ရက်က နှလုံးဖောက်ပြီး ကွယ်လွန်ခဲ့တဲ့ မာရာဒိုနာရဲ့ ရုပ်ကလပ်ကို သမ္မတအိမ်တော်မှာ ထားရှိထားပြီး ပရိသတ်တွေအတွက် ၃ ရက်ကြာ နူတ်ဆက်ခွင့် ပေးထားတာပါ။  မြို့တော် ဗျူနိုအေးရိစ်မှာ မာရာဒိုနာကို လာရောက်နူတ်ဆက်တဲ့ ပရိသတ်တွေက တန်းစီစောင့်ဆိုင်းခဲ့ပြီး တန်းစီတဲ့ လူတန်းအရှည်က ၁ မိုင်ခန့်အထိရှည်လျားခဲ့တာပါ။  အဲဒီလိုအခြေအနေ အတွင်းမှာ ရဲတပ်ဖွဲ့နဲ့ ပရိသတ်တချို့ ရုန်းရင်ဆန်ခတ်ဖြစ်ခဲ့ပြီး လူ ၂ ဦး ဖမ်းဆီးခဲ့ရပါတယ်။  ရဲတပ်ဖွဲ့ဝင်တွေဟာ မော်တော်ဆိုင်ကယ်တွေနဲ့ လမ်းပေါ်မှာပြေးလွှားနေတဲ့ လူတွေကို လိုက်လံထိန်းသိမ်းခဲ့ရပါတယ်။  အဲဒီလို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေကြားမှာ အခြေအတင်ဖြစ်ခဲ့တာကြောင့် မာရာဒိုနာရဲ့ရုပ်ကလပ်ကို ညနေပိုင်းအထိ ပြသထားဖို့ အစိုးရဘက်က ကြေညာခဲ့ရပါတယ်။ 
11 months Ago

October 14, 2020

အင်ဒိုနီးရှားတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမှာ အစ္စလာမစ်အုပ်စုတွေနဲ့ ကျောင်းသားအုပ်စုတွေ ပါဝင်တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အောက်တိုဘာ ၁၃ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အငြင်းပွားဆဲ အလုပ်အကိုင်ဆိုင်ရာ ဥပဒေသစ်ကို ရှေ့တိုးဆောင်ရွက်မယ့်အရေး ဆန့်ကျင် ဆန္ဒပြရာက ခုလိုဖြစ်တာပါ။ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ ရှေးရိုးစွဲအစ္စလာမစ်အုပ်စုတွေပါ ရောပါလာခဲ့ပြီး လူအုပ်ကို ဖြိုခွဲဖို့ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ ဥပဒေသစ်ဟာ အလုပ်သမားအခွင့်အရေးတွေနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတွေကို လှိုက်စားထားတယ်လို့ ဆန္ဒပြသူတွေကပြောပြီး ပြန်ရုပ်သိမ်းဖို့ အစိုးရအပေါ် ဖိအားပေးမှု တိုးလာနေပါတယ်။ ဆန့်ကျင်သူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးအစ္စလာမစ်အဖွဲ့အစည်း နာဒလာတူလ် အူလာမာလည်း ပါပါတယ်။ ဥပဒေသစ်ဟာ အင်ဒိုနီးရှား အလုပ်သမား လူတန်းစားရဲ့ အခွင့်အရေးတွေကို နင်းချေစော်ကားပြီး လုပ်ငန်းပေါင်းစုံလုပ်တဲ့ လုပ်ငန်းကြီးတွေကို မျက်နှာသာပေးထားတယ်လို့လည်း သူတို့က ပြောပါတယ်။ အရင်အပတ်ကလည်း ထောင်နဲ့ချီတဲ့လူတွေဟာ နေရာအသီးသီးမှာ နေရာယူပြီး ဥပဒေသစ်ကို ဆန့်ကျင်ရင်း လမ်းတွေကို ပိတ်ဆို့ထားခဲ့ကြပါတယ်။ ကားတာယာတွေကို မီးရှို့တာ၊ လုံခြုံရေးတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာတွေကြောင့် လူအယောက် ၆,၀၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ ကြိုးနီစနစ်ကို လျှော့ချပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ရည်မှန်းပုံစံထုတ်ထားတဲ့ ဥပဒေကို အတည်ပြု ကျင့်သုံးတာတော့ မလုပ်ရသေးပါဘူး။ ဒါပေမဲ့ ဥပဒေပါ အချက်အလက် တွေကတော့ မီဒီယာနဲ့ အွန်လိုင်းတွေပေါ်မှာ ပျံ့နှံ့နေပြီး ထင်ကြေးပေးတာတွေနဲ့ ထိတ်လန့်တကြား ဖြစ်မှု မရေမရာအခြေအနေ ရှုပ်ထွေးမှုတွေ ဖြစ်စေခဲ့ပါတယ်။
1 year Ago
More News
Up