ရုတ်တရက် ရေကြီး

A d v e r t i s e m e n t With Us

January 5, 2020

အစ္စရေးတွင် ရုတ်တရက် ရေကြီးသဖြင့် ၂ဦး သေဆုံး

အစ္စရေးနိုင်ငံမှာ ရုတ်တရက် ရေကြီးလို့ တဲလ်အဗစ်မြို့ရဲ့ အစိတ်အပိုင်းတွေမှာ ရေလွှမ်းမိုးခံရတဲ့အတွက် ဇန်နဝါရီ ၄ ရက်မှာ လူ ၂ ဦး သေဆုံးပါတယ်။ ကားတွေထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကူညီဖို့ ကယ်ဆယ်ရေးဌာနတွေ အမြန် ရောက်လာခဲ့ပါတယ်။ တဲလ်အဗစ်မြို့ တောင်ပိုင်းက ရေကြီးနေတဲ့ ဓာတ်လှေကားထဲမှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ရေနစ် သေဆုံးတယ်လို့ အရေးပေါ်အဖွဲ့က အစီရင်ခံပါတယ်။ ရေကြီးလို့ လူနေတိုက်ခန်းတွဲတခုက ဓာတ်လှေကားဟာ ယာဉ်ရပ်နားစခန်းမှာ ရပ်နေခဲ့ပြီး ကယ်ဆယ်ကူညီဖို့ ရေငုပ်သမားတွေကို ခေါ်ခဲ့ရတာပါ။  အချိန် ၂ နာရီအတွင်း မိုးရေချိန် ၇ဒသမ ၄ စင်တီမီတာထိ မိုးရွာခဲ့အပြီး ရေစီးကြောင့် ကားတွေ လမ်းပေါ် မျောပါခဲ့ပြီး လမ်းတွေလည်း ပိတ်ကုန်ကာ အဓိကလမ်းအချို့ ပျက်စီးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ နေရာအတော်များများမှာ ရေကျသွားပြီ ဖြစ်ပေမယ့် ပြည်သူတွေ ဆက်သတိထားကြဖို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။  
1 year Ago
Up