ရီးသည်တင်ယာဉ်

August 25, 2018

ဖင်လန်တွင် ခရီးသည်တင်ယာဉ် တံတားပေါ်မှထိုးကျ၊ ၄ ဦး သေဆုံး

ဖင်လန်နိုင်ငံအလယ်ပိုင်း ခူအိုပျိုမြို့မှာ သြဂုတ် ၂၄ ရက်နေ့က ခရီးသည်တင်ယာဉ်တစီး တံတားပေါ်ကနေ ထိုးကျခဲ့တဲ့အတွက် လူ ၄ ဦး သေဆုံးပြီး ၂၀ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီ ခရီးသည်တင်ယာဉ်ဟာ ကား ၅ စီးကို တိုက်မိခဲ့ပြီးနောက် တံတားပေါ်ကနေ ရထားသံလမ်းပေါ် ထိုးကျခဲ့တာဖြစ်ပါတယ်။ ဒရိုင်ဘာဖြစ်သူဟာ ယာဉ်တိုက်မှုကနေ အသက်ရှင်လွတ်မြောက်ခဲ့ပြိး  ဘရိတ်မမိတာကြောင့် ယာဉ်ကို မထိန်းချုပ်နိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီ ခရီးသည်တင်ယာဉ်ပေါ်မှာ အငြိမ်းစား ၀န်ထမ်းတွေကို တင်ဆောင်လာခဲ့ပြီး ၃ ဦးဟာ ယာဉ်တိုက်မှု ဖြစ်ရာနေရာမှာ သေဆုံးခဲ့ပါတယ်။ ၁ ဦးကတော့ ဆေးရုံပို့ဆောင်တဲ့လမ်းမှာ သေဆုံးခဲ့ပြီး အသက်ရှင်သူ ၃ ဦးဟာလည်း ဒဏ်ရာပြင်းထန်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up