ရီးရဲမက်ဒရစ်အသင်းရဲ့ နေမာအပေါ်စိတ်ဝင်စားမှုဟာ လုံးဝအေးဆက်သွားခဲ့ပြီးတော့ ပီအက်စ်ဂျီအသင်းဖော် လူငယ်ကြယ်ပွင့် အန်ဘာပေးကိုပဲ ရေရှည်စီမံကိန်းချပြီး အရခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
နေမာဟာ ပဲရစ်မှာ မပျော်ရွှင်တော့ဘူးလို့ သတင်းတွေထွက်ခဲ့ပြီးတဲ့နောက် စပိန်မြေကို တကျော့ပြန်ခြေချနိုင်ဖို့ အသည်းအသန်ချိတ်ဆက်နေဆဲဖြစ်ပါတယ်။
နေမာဟာ အသင်းဟောင်း ကတ်တာလန်ကလပ်နဲ့ ပြန်လည်ပူးပေါင်းလိုပေမယ့် ဘာစီလိုနာအသင်းbက်ကတော့ နေမာရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ချိတ်ဆက်ထားခြင်း မရှိသေးဘူးလို့ ကလပ်ဒုက္ကဋ္ဌ ဂျော်ဒီကာဒိုနာက ပြောကြားထားပါတယ်။
ဒါ့အပြင် ကစားသမားဟောင်း ဇာဗီကလည်း နေမာအနေနဲ့ ဘာစီလိုနာကို ပြန်လည်ရောက်ရှိနိုင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း၊ နေမာအနေနဲ့ အသင်းကနေထွက်သွားချိန်မှာ ကောင်းကောင်းမွန်မွန်ထွက်သွားခဲ့တယ်လို့ မထင်မိကြောင်း ပြောပါတယ်။
နောက်ပြီးတော့ နေမာဟာ အရမ်းတော်တဲ့ကစားသမားဖြစ်ပေမယ့် သူ့ကိုယ်သူ တည်ဆောက်ပြီး ရင့်ကျက်လာမှပဲ ရော်နယ်ဒို နဲ့မက်ဆီလို အောင်မြင်နိုင်လိမ့်မယ်လို့ ပြောပါတယ်။
နေမာဟာ ဘာစီလိုနာအသင်းကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၉၈ သန်းနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တာကြောင့် ငွေမက်တဲ့ကစားသမားဆိုပြီး အပြင်းအထန်ဝေဖန်ခံ ခဲ့ရသူလည်းဖြစ်ပါတယ်။
2 years Ago