ရီးရဲလ် ပြင်ဆင်

October 23, 2020

နည်းပြဇီဒန်းနေရာကို အစားထိုးရန် ရီးရဲလ် ပြင်ဆင်

ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြ ဇီဒန်းနေရာမှာ ပိုချက်တီနိုနဲ့ရာအူးလ်တို့ကို အစားထိုး ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။  လာလီဂါ နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ နည်းပြ ဇီဒန်းရဲ့ ရာထူး လှုပ်ခတ်လာခဲ့တာပါ။  ရီးရဲလ်မက်ဒရစ်အသင်းဟာ အောက်တိုဘာ ၂၄ရက်နေ့မှာ ဘာစီလိုနာနဲ့ အယ်လ်ကက်စီကို ဒါဘီပွဲစဉ် ကစားရမှာဖြစ်ပြီး ဖိအားများနေတဲ့ နည်းပြဇီဒန်းအတွက် စိန်ခေါ်မှုတခုလည်း ဖြစ်ပါတယ်။  စပိန်သတင်းစာ AS ကတော့ ရီးရဲလ်အသင်းဟာ ဘာစီလိုနာနဲ့ပွဲမှာ ရလဒ်မကောင်း ခဲ့ဘူးဆိုရင် စပါးနည်းပြဟောင်း ပိုချက်တီနိုနဲ့ အပြောင်းအလဲလုပ်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရန်အသင်းနည်းပြဖြစ်သူ တိုက်စစ်မှူးဟောင်း ရာအူးလ်ကိုလည်း ဇီဒန်းနေရာမှာ အစားထိုး ခန့်အပ်နိုင်တယ်လို့ သိရပါတယ်။  ရီးရဲလ်မှာ ၁၆ နှစ်ကစားခဲ့ပြီး ဆုဖလား ၁၆ လုံး ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟောင်း ရာအူးလ်ဟာ အသင်းဥက္ကဋ္ဌ ပီရက်ဇ် သဘောကျတဲ့ နည်းပြဖြစ်တယ်လို့ သိရပါတယ်။ 
2 years Ago
Up