ရီးရဲလ်အသင်း

May 8, 2020

အမ်ဘာပေနှင့် အသင့်တော်ဆုံးက ရီးရဲလ်အသင်းဟု ဖာဘရီဂတ်စ် သုံးသပ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ  တိုက်စစ်မှူး အမ်ဘာပေနဲ့ အသင့်တော်ဆုံးကလပ် ဖြစ်တယ်လို့ မိုနာကို ကွင်းလယ်လူ ဖာဘရီဂတ်စ်က သုံးသပ်လိုက်ပါတယ်။  ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ ပြင်သစ်လိဂ်မှာ ခြေစွမ်းပြနေပြီး အနာဂတ်မှာ ထွန်းတောက်လာမယ့် တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရတာပါ။  အမ်ဘာပေဟာ အကောင်းဆုံးကစားသမားဖြစ်ဖို့အတွက် စိတ်အားထက်သန်နေပြီး သူ့ရဲ့ ကစားပုံက ရီးရဲလ်မက်ဒရစ်လို အသင်းမှာ ခြေစွမ်းပြနိုင်မယ့် ကစားသမားဖြစ်တယ်လို့ ဖာဘရီဂတ်စ်က ပြောပါတယ်။  စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီးအသင်းတွေမှာ ကစားခဲ့ပြီး ပြီးခဲ့တဲ့ရာသီက မိုနာကို အသင်းဆီပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။  အသက် ၂၁ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ အခုနှစ်အတွင်း စုစုပေါင်း ၃၃ ပွဲကစာခဲ့ရာမှာ ဂိုး ၃၀ သွင်းပြီး ၁၇ ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ 
1 year Ago

October 29, 2019

ရီးရဲလ်အသင်းက ဂါရတ်ဘေးလ်ကို ရှန်ဟိုင်းကလပ်ထံ ရောင်းချမည်

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂါရတ်ဘေးလ်ကို  တရုတ်ကလပ် ရှန်ဟိုင်းအသင်းဆီကို ရောင်းချဖို့ ရှိနေပါတယ်။ အသက် ၃၀ နှစ်ရှိ ဘေးလ်ဟာ နည်းပြ ဇီဒန်းနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေပြီး ကလပ်ဘရုဂျက်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အကြောင်းပြချက်မရှိဘဲ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကတည်းက တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာက ဘေးလ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းကျော်အထိ ပေးချေရမယ့် အခြေအနေကြောင့် လက်လွှတ်ခဲ့တာပါ။  ဘေးလ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကျန်သေးပေမယ့်လည်း သူ့ရဲ့ လုပ်ခကြီးမြင့်မှုကြောင့် ရီးရဲလ်ဘက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ လာမယ့်ဇန်နဝါရီမှာ ထွက်ခွာခွင့်ပြုမှာ ဖြစ်တယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြပါတယ်။  ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ဒဏ်ရာပြဿနာ ၂၆ ကြိမ်အထိ ကြုံတွေ့ခဲ့ရတာကြောင့် အသင်းရဲ့ပွဲစဉ် ၅၃ ရာခိုင်နူန်းကိုပဲ ပါဝင်ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။
2 years Ago
Up