ရီးရဲလ်မက်ဒရစ်

December 29, 2021

ရီးရဲလ်သို့မပြောင်းရန် ၁ဝဝ ရာခိုင်နှုန်းသေချာကြောင်း အမ်ဘာပေ အတည်ပြု

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဆီ မပြောင်းဖို့ ၁၀၀ ရာခိုင်နှုန်းသေချာကြောင်း ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက အတည်ပြုသွားပါတယ်။ 

အမ်ဘာ ပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ပေါင် ၁၅၄ သန်းနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ 

အမ်ဘာပေကတော့ ပီအက်စ်ဂျီမှာ ပျော်ရွှင်နေပြီး ပဲရစ်ကလပ်မှာပဲ ရာနှုန်းပြည့် ဆက်ရှိနေမယ်လို့ CNN နဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ 

“ပီအက်စ်ဂျီနဲ့အတူ ရာသီပြီးဆုံးဖို့ ရာနှုန်းပြည့်သေချာပါတယ်။ ချန်ပီယံလိဂ်ဖလားရဖို့အတွက် အစွမ်းကုန်ပေးဆပ်သွားမှာပါ။ ပြီးတော့ လီဂူးဝမ်းနဲ့ လိဂ်ဖလားတွေလည်း ရယူသွားချင်ပြီး ဒါတွေက ပရိသတ်တွေနဲ့ ထိုက်တန်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း အသင်းနဲ့အတူ ဒီလိုဆုဖလားတွေ ရယူဖို့ ထိုက်တန်တယ်လို့ထင်တယ်” လို့ အမ်ဘာပေက ပြောပါတယ်။ 

ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ လီယိုနာဒိုကတော့ အမ်ဘာပေကို သက်တမ်းတိုးဖို့  အကောင်းဆုံးအခြေအနေမှာရှိနေတယ်လို့ ပြောထားပါတယ်။

4 weeks Ago

December 28, 2021

ဟာဇက်နှင့် ဂါရတ်ဘေးလ်အပါအဝင် နာမည်ကြီး ၆ ဦးကို ရီးရဲလ်အသင်း ရောင်းချမည်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟာဇက်နဲ့ ဂါရတ်ဘေးလ်အပါအဝင် နာမည်ကြီး ကစားသမား ၆ ယောက်ကို ရောင်းချတော့မယ်လို့ သိရပါတယ်။ 

စပိန်သတင်းစာ မာကာရဲ့ဖော်ပြချက်အရ မက်ဒရစ်ကလပ်ဟာ ဟာဇက်နဲ့ ဂါရတ်ဘေးလ်အပြင် အစ္စကိုကိုလည်း ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် မာရီယာနိုဒီယက်ဇ်၊ လူကာဂျိုဗစ်နဲ့ မာဆယ်လို တို့ကိုလည်း ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ 

ဂါရတ်ဘေးလ်ဟာ အခုနှစ်ရာသီမှာ ၃ ပွဲသာကစားခွင့်ရခဲ့ပြီး ဟာဇက်ဟာလည်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ 

ဘေးလ်ရဲ့စာချုပ်သက်တမ်းက ရာသီအကုန်မှာကုန်ဆုံးမှာဖြစ်လို့ ဦးစားပေးအနေနဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။ 

ရီးရဲလ်အသင်းဟာ အဲဒီကစားသမားတွေကို ရောင်းချအပြီးမှာ ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘာပေ၊ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း အစရှိတဲ့ ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

4 weeks Ago
More News
Up