ရီးရဲလ် ၃-၁ ပဲလ်မက်စ် (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

November 1, 2015

ရီးရဲလ် ၃-၁ ပဲလ်မက်စ် (ရုပ်သံဟိုက်လိုက်)

အောက်တိုဘာ ၃၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်က လက်စ်ပဲလ်မက်စ်ကို အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာတင် အစ္စကို၊ ရော်နယ်ဒို၊ ဂျက်စီတို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ အက်လ်ပဲလ်မက်စ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ဟာနန်က ၃၈ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်ဟာ ဒီပွဲအနိုင်ကြောင့် ၁၀ ပွဲကစား ရမှတ် ၂၄ မှတ်နဲ့ ဘာစီလိုနာနဲ့ အမှတ်တူ ဂိုးကွာခြားချက်ကြောင့် ဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ ပဲလ်မက်စ်အသင်းကတော့ ၁၀ ပွဲကစား ရမှတ် ၆ မှတ်သာ ရရှိပြီး အမှတ်ပေးဇယား အောက်ဆုံးအထက်မှာ ရပ်တည်နေပါတယ်။
5 years Ago
Up