ရီးရဲလ် ၀ - ၁ အက်သလက်တီကို (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

February 28, 2016

ရီးရဲလ် ၀ - ၁ အက်သလက်တီကို (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၂၇ ရက်ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို ရှုံးသွားပါတယ်။ အက်သလက်တီကိုက ရီးရဲလ်ရဲ့ ဘာနေဗျုးကွင်းမှာ ၃ ပွဲမြောက် ဆက်ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လာလီဂါသမိုင်းမှာ ရီးရဲလ်ကို ဘာနေဗျုးကွင်းမှာ ၃ ပွဲဆက်တိုက် အနိုင်ရတဲ့ ပထမဆုံးအသင်းဖြစ်လည်း  တီကိုက မှတ်တမ်းဝင်သွားပါတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ရီးရဲလ်က ဘောလုံးပိုင်ဆိုင်မှု သာသလို ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ အက်သလက်တီကိုအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၅၃ မိနစ်မှာ ဂရစ်ဇ်မန်းက သွင်းယူပါတယ်။ ဒီပွဲရှုံးလို့ ရီးရဲလ်ရဲ့ ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်တွေလည်း မှေးမိန်သွားရပါတယ်။ ဒီပွဲနိုင်တဲ့ အက်သလက်တီကိုက ၅၈ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ဘာစီလိုနာရဲ့နောက် ၅ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ရီရဲလ်ကတော့ ၅၄ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up