ရီးရဲလ်၊ ဘာစီလိုနာ၊ အက်သလက်တီကို ထိပ်ဆုံး ၃ သင်းလုံး အနိုင်ရ (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

May 1, 2016

ရီးရဲလ်၊ ဘာစီလိုနာ၊ အက်သလက်တီကို ထိပ်ဆုံး ၃ သင်းလုံး အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဧပြီ ၃၀ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါမှာတော့ ဖလားရရေး အပြိုင်ဆိုင်ဖြစ်နေတဲ့ ထိပ်ဆုံးက အသင်းကြီး ၃ သင်းလုံး အနိုင်ရသွားပါတယ်။ စပိန်လာလီဂါ အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေတဲ့ ရီးရဲလ်မက်ဒရစ်ကတော့ အဝေးကွင်းမှာ ရီးရဲလ်ဆိုစီဒက်ကို ဂျရတ် ဘေးလ်ရဲ့ မိနစ် ၈၀ သွင်းဂိုးနဲ့ အဖိုးတန် ၃ မှတ် ရရှိသွားတာဖြစ်ပါတယ်။ ရီးရဲလ်ဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ပထမနေရာက ဘာစီလိုနာနဲ့ ဒုတိယနေရာက အက်သလက်တီကို မက်ဒရစ် တို့ရဲ့အောက် ၁ မှတ်အကွာ ၈၄ မှတ်နဲ့ တတိယနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ အမှတ်ပေးဇယားမှာ ပထမနေရာက ဘာစီလိုနာကလည်း အဝေးကွင်းမှာ ရီးရဲလ်ဘက်တစ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကိုတော့ အိုင်ဗန်နဲ့ ဆွာရက်ဇ်တို့က ပွဲချိန် မိနစ် ၅၀ နဲ့ ၈၁ မိနစ်တွေမှာ အသီးသီးသွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ရမှတ် ၈၅ မှတ်နဲ့ ပထမနေရာမှာ ဆက်လက်ရည်တည်နေပါတယ်။ တခြားပွဲစဉ်တခုမှာလည်း အမှတ်ပေးဇယား ဒုတိယနေရာက အက်သလက်တီကို အသင်းက အိမ်ကွင်းမှာ ဗာလက်ကာနိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ အက်သလက်တီကိုအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ရမှတ် ၈၅ မှတ်နဲ့ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ ဒီနှစ် စပိန်လာလီဂါ ပွဲစဉ်တွေ ပြီးဆုံးခါနီးမှာ အသင်းကြီး ၃ သင်းထဲက ဘယ်အသင်း ဖလားရမလဲဆိုတာကတော့ ရင်ခုန်စွာနဲ့ ဆက်လက်စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
5 years Ago
Up